ထိုင်ဝမ်နိုင်ငံသားအား လွှဲပြောင်းပေးရန် တရုတ်၏ တောင်းဆိုချက်ကို ဥရောပတရားရုံး ပယ်ချ

By Taipei Times
11 November 2022
ထိုင်ဝမ်နိုင်ငံသားအား လွှဲပြောင်းပေးရန် တရုတ်၏ တောင်းဆိုချက်ကို ဥရောပတရားရုံး ပယ်ချ

လူ့အခွင့်အရေးချိုးဖောက်မှုနှင့် နှိပ်စက်မည်ကို စိုးရိမ်ခြင်းကြောင့် ဆက်သွယ်ရေးလိမ်လည်မှုဖြင့် စွပ်စွဲခံထားရသော ထိုင်ဝမ်နိုင်ငံသားတစ်ဦးအား လွှဲပြောင်းပေးရန် တရုတ်၏ တောင်းဆိုချက်ကို ဥရောပတရားရုံး(ECHR) မှ ပယ်ချပြီးနောက် ထိုင်ဝမ်သို့ ပြန်ခွင့်ပြုရန် ပိုလန်နိုင်ငံသို့ တောင်းဆိုထားကြောင်း ထိုင်ဝမ်တရားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၅ရက်က ပြောကြားလိုက်သည်။

တရုတ်နိုင်ငံသားများကို လိမ်လည်ရန် ဆယ်သွယ်ရေးစနစ်အသုံးပြုပြီး လှည့်ဖြားမှုဖြင့် ထိုင်ဝမ်နိုင်ငံသား ၂၀ဝ ကျော်ကို စပိန်အာဏာပိုင်များက ၂၀၁၆ခုနှစ် ဖမ်းဆီးခဲ့ပြီးနောက် လျှိုဟုန်တောင်သည် ပိုလန်သို့ ထွက်ပြေးခဲ့ သည်။

ထိုင်ဝမ်က ကန့်ကွက်ခဲ့သော်လည်း ၂၀၁၇ခုနှစ်နှင့် ၂၀၁၈ခုနှစ်တွင် စပိန်သည် ထိုင်ဝမ်နိုင်ငံသား ၂၀၈ ဦးအား တရုတ်သို့ လွှဲပြောင်းပေးခဲ့သည်။

တရားခံလွှဲပြောင်းမှုကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ရှုတ်ချခဲ့ပြီး သံသယရှိသူများကို ညှဉ်းပန်းနှိပ်စက်ကာ ကွပ်မျက်နိုင်ကြောင်း Safeguard Defenders က ပြောကြားခဲ့သည်။

တရုတ်သို့ လွှဲပြောင်းပေးရေးအား ပိုလန်တရားရုံးတစ်ခုက အတည်ပြုပြီးနောက် လျှိုက ဥရောပတရားရုံး (ECHR) သို့ အယူခံဝင်ခဲ့ရာ တရုတ်က လူ့အခွင့်အရေးဆိုင်ရာ ဥရောပသဘောတူညီချက်ကို ချိုးဖောက်နိုင်သည်ဟုဆိုကာ အောက်တိုဘာ ၆ ရက်က တရားရုံးက လွှဲပြောင်းခွင့်ကို ငြင်းဆိုခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Safeguard Defenders က အဆိုပါ စီရင်ချက်ကို “ဥရောပ၏ တရုတ်သို့ တရားခံလွှဲပြောင်းရေးအဆုံးသတ်အတွက် ရှေ့ပြေးဖြစ်သည့် အထင်ကရ ဆုံးဖြတ်ချက်တစ်ခု” ဟု ခေါ်ဆိုခဲ့သည်။

ယခုဖြစ်ရပ်သည် တရုတ်နှင့် ပတ်သက်သည့် တရားခံလွှဲပြောင်းရေးအမှုကို ပြန်လည်သုံးသပ်သည့် တရားရုံး၏ ပထမဆုံးသော အမှုဖြစ်သည်ဟု အဆိုပါအဖွဲ့၏ နိုဝင်ဘာ ၃ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းနှင့် အာဏာပိုင်များသည် ၂၀၂၁ခုနှစ်က ချုပ်ဆိုခဲ့သော ထိုင်ဝမ်-ပိုလန် ရာဇဝတ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်နှင့်အညီ လျှို ကို လွှဲပြောင်းရယူရန် ကြိုးပမ်းနေ ကြောင်း ထိုင်ဝမ်ဝန်ကြီးဌာနက နိုဝင်ဘာ ၅ရက်တွင် ပြောကြားခဲ့သည်။

ယင်းအမှုကို ထိုင်ဝမ်တွင် တရားစီရင်ပိုင်ခွင့်ရှိသည်ဟု ဥပဒေကြောင်းအရ ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly