ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒချမှတ်ထားသော်လည်း တရုတ်တွင် ပြီးခဲ့သည့် ၆လ အတွင်း ကူးစက်မှု အများဆုံး ဖြစ်လာ

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒချမှတ်ထားသော်လည်း တရုတ်တွင် ပြီးခဲ့သည့် ၆လ အတွင်း ကူးစက်မှု အများဆုံး ဖြစ်လာ

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို တင်းတင်းကျပ်ကျပ် ချမှတ်ထားသော်လည်း တရုတ်တွင် နိုဝင်ဘာ ၅ရက်က ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှုအသစ် ၄,၄၂၀ ကို ထုတ်ပြန်ခဲ့ရာ ယင်းအရေအတွက်သည် ပြီးခဲ့သည့် ၆ လအတွင်း အများဆုံး ဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်ကို ကိုးကား၍ မီဒီယာများက ဖော်ပြလိုက်သည်။

တရုတ်၏ နောက်ဆုံးကူးစက်မှုအများဆုံး အရေအတွက်ကို မေ ၆ ရက်တွင် အစီရင်ခံခဲ့သည်။ ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းရာတွင် အလွန်အကျွံလုပ်ဆောင်ခဲ့သော်လည်း နိုဝင်ဘာ ၄ရက်တွင် ပြည်တွင်းကူးစက်မှု အသစ် ၃၆၅၉ ခုကို ထုတ်ပြန်ခဲ့သည်ဟု Al Jazeera က ဖော်ပြခဲ့သည်။

တရုတ်ပြည်သူများသည် ပြင်းထန်သောကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒကြောင့် ပိုမိုအခက်ကြုံနေရသည်။

ကန့်သတ်ချက်များကြောင့် တရုတ်စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။ ၆ လအတွင်း ကိုဗစ်-၁၉ ကူးစက် မှု အများဆုံးဖြစ်ပွားခြင်းကြောင့်ကျန်းမာရေးအရာရှိများက တင်းကျပ်သော ကိုရိုနာဗိုင်းရပ်ထိန်းချုပ်မှုများကို လိုက်နာရမည်ဖြစ်ကြောင်း ကျန်းမာရေးအရာရှိများက ပြောကြားခဲ့သည်။

နိုဝင်ဘာ ၅ ရက်တွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးအရာရှိများက ကိုဗစ်ရောဂါဖြစ်ပွား လာသည်နှင့် တပြိုင်နက် အင်တိုက်အားတိုက် ထိန်းချုပ်ရေးမူဝါဒနှင့် ပတ်သက်ပြီး ၎င်းတို့၏ ကတိကဝတ်ကို ထပ်မံ ဖော်ပြခဲ့သည်။

တရုတ်ကိုဗစ်ရောဂါ တိုက်ဖျက်ရေး အစီအမံများသည် လုံးဝမှန်ကန်သည့်အပြင် ကုန်ကျစရိတ် အသက်သာဆုံး နှင့် အထိရောက်ဆုံးဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးအရာရှိ ဟူရှန်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က ကိုဗစ်ကန့်သတ်ထိန်းချုပ်မှုများကို ဖြေလျှော့နိုင်ဖွယ်ရှိသည့် ကောလာဟလများနှင့် မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အစီရင်ခံစာများကြောင့် တရုတ်စတော့ရှယ်ယာဈေးနှုန်းများ မြင့်တက်လာ ခဲ့သည်။

သို့သော် မတ်လတွင် ပြုလုပ်မည့် နှစ်စဉ်ပါလီမန်အစည်းအဝေးအပြီးအထိ သိသာထင်ရှားသော ဖြေလျှော့မှုများ စတင်ရန် မဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူအများအပြားက ပြောကြားခဲ့သည်ဟု Al Jazeera က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly