ကမ္ဘာ့နိုင်ငံများက စိုးရိမ်မှုများရှိသော်လည်း ပါကစ္စတန်နှင့် တရုတ်တို့က လူသေစေနိုင်သော ဗိုင်းရပ်စ်ပိုးမွှားများကို လေ့လာနေ

By ANI
11 November 2022
ကမ္ဘာ့နိုင်ငံများက စိုးရိမ်မှုများရှိသော်လည်း ပါကစ္စတန်နှင့် တရုတ်တို့က လူသေစေနိုင်သော ဗိုင်းရပ်စ်ပိုးမွှားများကို လေ့လာနေ

ကိုဗစ်-၁၉ နှင့် ဆက်စပ် မျိုးကွဲအသစ်များက ကမ္ဘာကြီးအတွက် ကပ်ဆိုးဖြစ်နေချိန်တွင် ပါကစ္စတန်နှင့် တရုတ်တို့က ရောဝဲလ်ပင်ဒီမြို့အနီးရှိ လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခု၌ ဇီဝလက်နက်သုတေသနကို ဆက်လက် လုပ်ဆောင်နေသည်။

နာမည်ဆိုးဖြင့် ကျော်ကြားသော ဝူဟန်ဗိုင်းရပ်ဗေဒအင်စတီကျူနှင့် ပါကစ္စတန် စစ်တပ်မှ ကြီးမှူးသော ကာကွယ်ရေးသိပ္ပံနှင့် နည်းပညာအဖွဲ့ (DSTO) သည် ပါကစ္စတန်ရှိ လူ့အသက်ကို သေစေနိုင်သော ရောဂါပိုးမွှားများ ကို သုတေသနပြုရန် အဆင့်မြင့်သိပ္ပံဓာတ်ခွဲခန်းတစ်ခုကို တည်ထောင်ခဲ့သည်။ ဓာတ်ခွဲခန်းတည်နေရာကို တင်းတင်းကျပ်ကျပ် လျှို့ဝှက်ထားဆဲဖြစ်ကြောင်း Geo-Politik က ဖော်ပြခဲ့သည်။

တရုတ်က ကိုဗစ်ကဲ့သို့ ဗိုင်းရပ်စ်ပိုးမွှားများကို ပါကစ္စတန်တွင် ဖန်တီးနေပြီး ကိုဗစ်ထက် အဆပေါင်းများစွာ ကူးစက်နိုင်သည့် အလားအလာရှိကြောင်း ကမ္ဘာ့မီဒီယာအသီးသီးက ဖော်ပြခဲ့သည်။

ပါကစ္စတန်က ယင်းသတင်းများကို ပထမဆုံးအကြိမ် ငြင်းဆိုလိုက်သည့်အခါ ယင်းလျှို့ဝှက် ချက်သည် ၂၀၂၀ပြည့်နှစ်တွင် ပိုမိုနက်ရှိုင်းလာခဲ့သည်။ ပါကစ္စတန်နိုင်ငံခြားရေးရုံးက အစီရင်ခံစာတွင် ပါကစ္စတန်၏ ဇီဝလုံခြုံရေး အဆင့်-၃ (BSL-3) ဓာတ်ခွဲခန်းနှင့် ပတ်သက်၍ လျှို့ဝှက်ထားခြင်းမရှိကြောင်း ဖော်ပြခဲ့သည်ဟု Geo-Politik က ဆိုသည်။

ပါကစ္စတန်က ယုံကြည်မှုတည်ဆောက်ရေးအစီအမံများတင်ပြရာတွင် ဇီဝနှင့် အဆိပ်သင့်လက်နက်ကွန်ဗင်းရှင်း တွင် (BTWC) ပါဝင်သည့် နိုင်ငံများနှင့် ဓာတ်ခွဲခန်းအကြောင်း သတင်းအချက်အလက်များကို မျှဝေနေသည်ဟု ပါကစ္စတန်နိုင်ငံခြားရေးရုံးက ပြောကြားခဲ့သည်။

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအားဖြင့် ဖြစ်ပေါ်နေသော ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှု များ၊ စောင့်ကြည့်လေ့လာခြင်းနှင့် ရောဂါဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးခြင်းပြုလုပ်ကာ ယင်းဓာတ်ခွဲခန်းက ရောဂါရှာဖွေရေးနှင့် ကာကွယ်ရေးစနစ်တိုးတက်ရေးအတွက် ရည်ရွယ်ထားကြောင်းအစီရင်ခံစာက ဆိုသည်။

ယင်းဓာတ်ခွဲခန်းသည် အန္တရာယ်အရှိဆုံးနှင့် ကူးစက်နိုင်သော ရောဂါပိုးမွှားများကို စမ်းသပ်ပြီး ပိုးမွေးသည့် " ဇီဝလုံခြုံရေးအဆင့်-၃ " ဓာတ်ခွဲခန်း (BSL-4) ဖြစ်သည်။

DSTO သည် ရာဝါလ်ပင်ဒီပြည်နယ် ချက်လာလာတပ်နယ်တွင်တည်ရှိပြီး ကြယ်နှစ်ပွင့်ဗိုလ်ချုပ်ကြီးတစ်ဦးက ဦးဆောင်နေကြောင်း Geo-Politik ကဖော်ပြခဲ့သည်။

BSL-4 ဓာတ်ခွဲခန်းများကို ကာကွယ်ဆေး သို့မဟုတ် ကုထုံးမရှိသည့် အသက်အန္တရာယ်ရှိသော ရောဂါများကို ဖြစ်စေနိုင်သော ကူးစက်ပိုးမွှားများနှင့် အဆိပ်များကို လေ့လာရန် အသုံးပြုကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required