ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများ တရုတ်နှင့် ဆက်ဆံရေးကင်းကွာလာ

ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများ တရုတ်နှင့် ဆက်ဆံရေးကင်းကွာလာ

ယူကရိန်းစစ်ပွဲအတွင်း ရုရှားနှင့် နီးကပ်စွာဆက်ဆံရေးကြောင့် တရုတ်နှင့် ဝေးကွာလာသည့် နိုင်ငံအရေအတွက် များလာနေပြီး တစ်ချိန်က အရှိန်အဟုန်ကောင်းခဲ့သည့် တရုတ်နှင့် ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်း နိုင်ငံများဖွဲ့ထားသည့် ၁၇+၁ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်မှ နုတ်ထွက်ခြင်းကြောင်း အဖွဲ့ဝင် ၁၄နိုင်ငံသာကျန်ရှိတော့ကြောင်း မီဒီယာများက ဖော်ပြလိုက်သည်။

၂၀၁၂ ခုနှစ်တွင် တရုတ်နှင့် ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံ ၁၆ နိုင်ငံတို့သည် “၁၆+၁” စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကို တည်ထောင်ခဲ့သည်။

ပိုလန်၊ ဟန်ဂေရီနှင့် ရိုမေးနီးယားတို့ အပါအဝင် ဒေသတွင်းရှိ နိုင်ငံအများစုသည် ယင်းအဖွဲ့တွင် ပါဝင်ခဲ့ ကြောင်း Nikkei Asia က ဖော်ပြခဲ့သည်။

ဂရိသည် ၂၀၁၉ခုနှစ်တွင် အဖွဲ့ဝင်ဖြစ်လာပြီး ယင်းသည် " ၁၇+၁ " ဖြစ်လာခဲ့သည်။ သံတမန်ရေးရာ အစည်းအဝေးများနှင့် ထိပ်သီးအစည်းအဝေးများ နှစ်စဉ်ကျင်းပခဲ့သည်။

အဆိုပါနိုင်ငံများတွင် တရုတ်က အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ရန် မျှော်လင့်ခဲ့သည်။

သို့သော် အချိန်အခါကောင်းများသည် ကြာရှည်မခံခဲ့ပေ။ တရုတ်ကို စိုးရိမ်မှုများနှင့် မကျေနပ်မှုများကို ဖော်ပြ သည့်အနေဖြင့် လစ်သူယေးနီးယားက တရုတ်၏ ၁၇+၁ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်မှ အစောပိုင်းက နုတ်ထွက် ခဲ့သည်။

နောက်ပိုင်းတွင်၊ ဩဂုတ်လ ၂၀၂၂ခုနှစ်တွင် လတ်ဗီးယားနှင့် အက်စတိုးနီးယားတို့သည် နုတ်ထွက်သွားသဖြင့် ဥရောပအဖွဲ့ဝင်အရေအတွက်သည် ၁၄ နိုင်ငံသာ ကျန်ရှိခဲ့သည်။

ချက်ပါလီမန်၏ နိုင်ငံခြားရေးရာကော်မတီက တရုတ်နှင့် အုပ်စုဖွဲ့ခြင်းမှ နုတ်ထွက်ရန် အစိုးရအား တိုက်တွန်း သည့် ဆုံးဖြတ်ချက်တရပ်ကို ချမှတ်ခဲ့ခြင်းကြောင့် လာမည့်မေလတွင် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်မှ ချက်သမ္မတ နိုင်ငံမှ ထွက်ခွာနိုင်ခြေရှိနေကြောင်း Nikkei Asia က ဖော်ပြခဲ့သည်။

ယင်းနိုင်ငံများသည် စစ်အေးတိုက်ပွဲကို မျက်မြင်ကြုံတွေ့ခဲ့ရသဖြင့် ဆိုဗီယက်ယူနီယံခေတ်၏ အတိတ် ဖြစ်ရပ် များကို မှတ်မိနေသေးသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်၏ ဆက်လက်ရင်းနှီးသော ဆက်ဆံရေးသည် ယင်းနိုင်ငံပြည်သူများကို ဒေါသထွက်စေခဲ့သည်ဟု Nikkei Asia က ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required