ဗြိတိန်အစိုးရက ပြည်ပသြဇာလွှမ်းမိုးမှုနှင့် တရုတ်ဝင်ရောက်စွက်ဖက်မှုကို တားဆီးမည်ဖြစ်ကြောင်း ကတိပြု

ဗြိတိန်အစိုးရက ပြည်ပသြဇာလွှမ်းမိုးမှုနှင့် တရုတ်ဝင်ရောက်စွက်ဖက်မှုကို တားဆီးမည်ဖြစ်ကြောင်း ကတိပြု

တရုတ်ကောင်စစ်ဝန်ရုံးအတွင်း ဟောင်ကောင်ဆန္ဒပြသူတစ်ဦး မကြာသေးမီက တိုက်ခိုက်ခံရမှုကို စုံစမ်းစစ် ဆေးနေသလို တက္ကသိုလ်များတွင် တရုတ်ထောက်ပံ့ထားသော ကွန်ဖြူးရှပ်အဖွဲ့အစည်းများ ပိတ်သိမ်းခြင်း အပါအဝင် နိုင်ငံခြားအစိုးရများ၏ ထိုးဖောက်ဝင်ရောက်မှုနှင့် သြဇာလွှမ်းမိုးမှုဆိုင်ရာ လှုပ်ရှားများကို တားဆီး ရန် ရည်ရွယ်သည့် ဆောင်ရွက်မှု အချို့ကို ဗြိတိန်အစိုးရက စီစဉ်နေသည်။

“ကွန်ဖြူးရှပ် အဖွဲ့အစည်းတွေက ဗြိတိန်တက္ကသိုလ်တွေမှာ အများပြည်သူ လွတ်လပ်မှုကို ခြိမ်းခြောက်နေလို့ ပိတ်ပစ် ဖို့ နည်းလမ်းရှာနေပါတယ်“ ဟု အာဏာရ ကွန်ဆာဗေးတစ်ပါတီကို ဦးဆောင်ရန် ကြိုးပမ်း နေချိန်အတွင်း ဝန်ကြီးချုပ် ဆူနတ်ခ်က ကတိပြုထားကြောင်း ဗြိတိန်ပြည်တွင်းလုံခြုံရေးဝန်ကြီး တွန်တူ ဂန်တတ်က ပြောကြား ခဲ့သည်။

တရုတ်ကောင်စစ်ဝန်ရုံးဝန်ထမ်းများက အောက်တိုဘာ ၁၆ ရက်က ဟောင်ကောင်ဆန္ဒပြသူ ဘော့ချန်အား ရိုက်နှက်မှုကို ဗြိတိန်အစိုးရက မည်သို့တုံ့ပြန်ရမည်ကို သုံးသပ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

"နိုင်ငံသားတွေကို ဖိနှိပ်ဖို့ သံတမန်အခွင့်အရေး ဒါမှမဟုတ် ဒီနိုင်ငံရဲ့ လွတ်လပ်မှုကို အလွဲသုံးစားလုပ်သူတွေ အတွက် ဒီမှာ နေရာမရှိပါဘူး" ဟု နိုဝင်ဘာ ၁ရက်က အောက်လွှတ်တော်တွင် ၎င်းက ပြောကြားခဲ့သည်။

"စုံစမ်းလေ့လာမှုကို အရေးပေါ် ပြုလုပ်သွားမှာပါ" ဟု တွန်တူဂန်တတ်က မန်ချက်စတာမြို့တွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပြီး ညှိနှိုင်းတုံ့ပြန်မည်ဟု ကတိပြုခဲ့သည်။

သံတမန်လမ်းကြောင်းများအပြင်ဘက်တွင် လုပ်ကိုင်နေသော အချို့သောနိုင်ငံအစိုးရများက ပိတ်ပစ်ရန် အမိန့် ပေးထားသော တရုတ်ရဲများ၏ ပြည်ပရှိဝန်ဆောင်မှုစင်တာများနှင့် ပတ်သက်ပြီး နိုင်ငံအသီးသီးတွင် စုံစမ်း စစ်ဆေးမှုများနှင့် ပတ်သက်ပြီး ပြောကြားရာ၌ လာမည့် နိုင်ငံတော်လုံခြုံရေးဥပဒေမူကြမ်းသည် ဗြိတိန် မြေပေါ်တွင် လုပ်ကိုင်နေသော နိုင်ငံခြားအစိုးရများ၏ ထောက်လှမ်းရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဗြိတိန်အစိုးရ၏ ဥပဒေကြောင်းအရ လုပ်ကိုင်ခွင့်များကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း တွန်တူဂန်တတ်က ပြောကြားခဲ့သည်။

အဆိုပါဥပဒေမူကြမ်းတွင် ပြည်ပသြဇာလွှမ်းမိုးမှုဆိုင်ရာ မှတ်ပုံတင်ခြင်းအစီအစဉ်လည်း ပါဝင်မည်ဖြစ်ပြီး ပြည်ပ အစိုးရများနှင့် နီးကပ်သောဆက်ဆံရေးရှိသော အဖွဲ့အစည်းများသည် နိုင်ငံခြားအစိုးရ၏ ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

အလားတူ အစီအမံများကို ဩစတြေးလျနှင့် အမေရိကန်တို့တွင် လုပ်ဆောင်နေပြီးဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required