မီဒီယာသူဌေးကြီး ဂျင်မီလိုင်းအမှုအတွက် ဟောင်ကောင်တရားရုံးက ဗြိတိန်မှ ရှေ့နေအား လိုက်ပါ ဆောင်ရွက်ခွင့်ပြု

မီဒီယာသူဌေးကြီး ဂျင်မီလိုင်းအမှုအတွက် ဟောင်ကောင်တရားရုံးက ဗြိတိန်မှ ရှေ့နေအား လိုက်ပါ ဆောင်ရွက်ခွင့်ပြု

ဟောင်ကောင်တရားရုံးသည် ဒီမိုကရေစီ လိုလားသည့် သတင်းစာထုတ်ဝေဖြန့်ချိသူ ဂျင်မီလိုင်း၏ နိုင်ငံတော်လုံခြုံရေးဥပဒေဆိုင်ရာအမှုအတွက် လာမည့်ရုံးချိန်၌ ဗြိတိန်ဝါရင့်ရှေ့နေ တစ်ဦးအား ရှေ့နေလိုက်ခွင့်ပေးရန် နိုဝင်ဘာ ၉ ရက်က အတည်ပြုလိုက်သည်။

တရုတ်သည် ၂၀၁၉ ခုနှစ်က ဟောင်ကောင်တွင် အကြီးအကျယ်ဆန္ဒပွဲများအပြီး သဘောထားကွဲလွဲသူများကို နှိမ်နင်းရန် နိုင်ငံတော်လုံခြုံရေးဥပဒေကို ပြဋ္ဌာန်းလိုက်ကာ ယခုဖျက်သိမ်းထားပြီးဖြစ်သော Apple Daily သတင်းစာတိုက်တည်ထောင်သူ အသက် ၇၄ နှစ်အရွယ် ဂျင်မီလိုင်းကို ဖမ်းဆီးခဲ့သည်။

ဂျင်မီလိုင်းသည် ပြည်ပနိုင်ငံနှင့် ပူးပေါင်းမှုနှင့် ဆူပူအုံကြွအောင်လှုံ့ဆော်မှုတို့ဖြင့် စွဲချက် ၃ ခုကို ရင်ဆိုင်နေရကာ ရုံးတင်စစ်ဆေးမှုကို ဒီဇင်ဘာ ၁ ရက်တွင် စတင်မည်ဟု မျှော်လင့်ရသည်။

နိုင်ငံတော်လုံခြုံရေးဥပဒေသည် ခွဲထွက်ခြင်း၊ အဖျက်အမှောင့်၊ အကြမ်းဖက်မှုနှင့် ပြည်ပအင်အားစုများနှင့် ပေါင်းစည်းခြင်း လုပ်ရပ်များအတွက် ပြစ်မှုအဖြစ် ပြဋ္ဌာန်းထားပြီး ကျူးလွန်ပါက အမြင့်ဆုံးအပြစ်ဒဏ် ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည်။

ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးဥပဒေကို အထူးပြုသည့် လန်ဒန်အခြေစိုက် ဝါရင့် ဥပဒေအရာရှိ တီမိုသီအိုဝင်သည် ဟောင်ကောင်လက်ထောက်တရားသူကြီးနှင့် ဟောင်ကောင် ရှေ့နေများအသင်း (Hong Kong Bar Association) တို့၏ ကန့်ကွက်မှုများ ရှိသော်လည်း ဂျင်မီလိုင်းကို ကိုယ်စားပြုရန် ပြီးခဲ့သည့်လက တရားရုံး၏ ခွင့်ပြုချက် ရရှိခဲ့သည်။

နိုင်ငံတော်လုံခြုံရေးဥပဒေ ကျင့်သုံးမှုနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ဥပဒေအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယင်းအမှုသည် အရေးပါကြောင်းနှင့် ရုံးတင်စစ်ဆေးမှုတွင် အိုဝင် ကဲ့သို့ ထင်ရှားကျော်ကြားသော ပြည်ပမှ ဥပဒေပညာရှင်ပါဝင်ခြင်းက အများစိတ်ဝင်စားစရာဖြစ်မည်ဖြစ်ကြောင်း တရားသူကြီးက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required