ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် အကြမ်းဖက်သမားများနှင့် ပစ်ခတ်မှုအတွင်း စစ်သား ၂ ဦး သေဆုံး

By The News International
08 November 2022
ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် အကြမ်းဖက်သမားများနှင့် ပစ်ခတ်မှုအတွင်း စစ်သား ၂ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် ဒီရာ အစ္စမေးလ်ခန်း ခရိုင် ဒါရာဇင်ဒါ ဧရိယာတွင် အောက်တိုဘာ ၂၉ ရက်က စစ်သားများနှင့် အကြမ်းဖက်သမားများအကြား ထိပ်တိုက်တွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့သည်။

ပါကစ္စတန် စစ်တပ်မှ တပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သမားများ၏ တည်နေရာကို ထိရောက်စွာ စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ကြောင်း စစ်တပ်၏ ဌာနပေါင်းစုံ ဆက်ဆံရေး ဌာန (ISPR) က သတင်းထုတ်ပြန်သည်။

ကျဆုံးသွားသည့် စစ်သားများမှာ ခူရှာ့ဘ် ဒေသမှ အသက် ၃၃ နှစ်ရှိ တပ်ကြပ် ဆာဂျစ် ဟူစိန်နှင့် အက်တော့ခ် ဒေသမှ အသက် ၂၆ နှစ်ရှိ တပ်သား မိုဟာမက် အစ်ရာတို့ ဖြစ်သည်။

စစ်တပ်သည် အဆိုပါ ဧရိယာတွင် အကြမ်းဖက်သမားများကို ချေမှုန်းသုတ်သင်ရန် နယ်မြေရှင်းလင်းမှုကို လုပ်ဆောင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required