ထိုင်ဝမ်ပတ်ဝန်းကျင်၌ တရုတ်စစ်လေယာဉ် ၄၆ စင်းနဲ့ စစ်သင်္ဘော ၄ စင်း လှုပ်ရှား

By Just Earth News
07 November 2022
ထိုင်ဝမ်ပတ်ဝန်းကျင်၌ တရုတ်စစ်လေယာဉ် ၄၆ စင်းနဲ့ စစ်သင်္ဘော ၄ စင်း လှုပ်ရှား

ထိုင်ဝမ်ဝန်းကျင်၌ နိုဝင်ဘာ ၆ ရက်က တရုတ်စစ်လေယာဉ် ၄၆ စင်းနှင့် စစ်သင်္ဘော ၄ စင်းတို့ကို ခြေရာခံမိခဲ့ ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

“နိုဝင်ဘာ ၆ ရက် ညနေ ၅ နာရီအထိ ထိုင်ဝမ်ဝန်းကျင်မှာ တရုတ်စစ်လေယာဉ် ၄၆ စင်းနဲ့ စစ်သင်္ဘော ၄ စင်းတို့ကို ခြေရာခံမိခဲ့ပါတယ်။ ထိုင်ဝမ်စစ်တပ်ဟာ အဆခြေအနေကို စောင့်ကြည့်နေပြီး ကင်းထောက်လေယာဉ်၊ ရေတပ်သင်္ဘောတွေနဲ့ မြေပြင်အခြေစိုက် ဒုံးကျည်စနစ်တွေတပ်ဖြန့်ကာ တုံ့ပြန်ခဲ့ပါတယ်။ တရုတ်စစ်လေယာဉ် ၃ စင်းဟာ ထိုင်ဝမ်ရေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်ထဲကို ဝင်ရောက်ခဲ့ပါတယ်" ဟု ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်၌ ရေးသားထားသည်။

ခြေရာခံမိသည့်လေယာဉ်များအနက် ၂၁ စင်းသည် ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းနှင့် အနောက်တောင်ဘက် လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) အတွင်းသို့ ပျံသန်းခဲ့သည်။ ၎င်းလေယာဉ်များမှာ JH-7 တိုက်လေယာဉ်၊ CH-4 မောင်းသူမဲ့ယာဉ်၊ SU-30 တိုက်လေယာဉ် ၂ စင်း၊ J-11

တိုက်လေယာဉ် ၄ စင်း၊ J-16 ၈ စင်း၊ BZK-005 ကင်းထောက်လေယာဉ်၊ Y-8 ASW သယ်ယူပို့ဆောင်ရေးလေယာဉ် ၂ စင်း၊ KJ-500 လေကြောင်းသတိပေးထိန်းချုပ်စနစ်ပါလေယာဉ်နှင့် WZ-7 အမြင့်ပျံ မောင်းသူမဲ့လေယာဉ်တို့ပါဝင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

စက်တင်ဘာ ၅ ရက်ကလည်း တရုတ်စစ်လေယာဉ် ၉ စင်းနှင့် ရေယာဉ် ၂ စင်းကို ထိုင်ဝမ်ဝန်းကျင်တွင် တွေ့ရှိရသည်ဟု ဆိုသည်။

တရုတ်သည် ထိုင်ဝမ်အပေါ် စစ်ရေးထက် ဆိုက်ဘာတိုက်ခိုက်မှုကို အသုံးချနိုင်ကြောင်း ဆိုက်ဘာနှင့် နည်းပညာ ဆန်းသစ်တီထွင်မှုဆိုင်ရာ ကာကွယ်ရေးဖောင်ဒေးရှင်းမှ အမေရိကန်အကြီးတန်း ဒါရိုက်တာ မာ့ခ်မောင့်ဂိုမာရီက ထိုင်ဝမ်အား သတိပေးခဲ့သည်ဟု Taipei Times က ဖော်ပြထားသည်။

“အရေးပါတဲ့ အခြေခံအဆောက်အအုံတွေအပေါ် ဆိုက်ဘာတိုက်ခိုက်မှုဟာ ထိုင်ဝမ်ကို ကာကွယ်တဲ့ အမေရိကန်ရဲ့ စစ်အရင်းအမြစ်စုဆောင်းမှုတွေကို အနှောင့်အယှက်ဖြစ်စေနိုင်သလို တရုတ်ပြိုင်ဘက်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဝင်ရောက်စွက်ဖက်ရာရောက်ပါတယ်” ဟု ဂျိမ်းမာဗန်နန်၏ ‘သတင်းအချက်အလက်ခေတ် တရုတ်စစ်တပ်’ ဟူသော စာအုပ်တွင် ဖော်ပြထားသည်။

တရုတ်စစ်တပ်သည် ကမ္ဘာ့သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးအခြေခံအဆောက်အအုံများကို ထိန်းချုပ်ရန် ရည်ရွယ်ထားသည်ဟု သတင်း၌ဖော်ပြထားသည်။

စိုင်အင်ဝမ်သည် ၂၀၁၆ ခုနှစ်မှစ၍ သမ္မတတာဝန်ထမ်းဆောင်ကတည်းက တရုတ်နှင့် ထိုင်ဝမ်ကြား တင်းမာမှုများ ပိုမိုပြင်းထန်လာခဲ့သည်။ သူမ၏ အုပ်ချုပ်မှုအောက်တွင် ထိုင်ဝမ်သည် ထိုင်ဝမ်စစ်တပ်ကို အားကောင်းစေရန် ရေငုပ်သင်္ဘောနည်းပညာ တီထွင်ရာတွင် အမေရိကန်နှင့် နီးစပ်လာခဲ့ကြောင်း Geopolitica က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required