အိန္ဒိယ-တရုတ်နယ်စပ်၌ လအတန်ကြာပျောက်ဆုံးနေသော လူ ၂ ဦးကို ခြေရာခံနိုင်ခြင်း မရှိသေး

အိန္ဒိယ-တရုတ်နယ်စပ်၌ လအတန်ကြာပျောက်ဆုံးနေသော လူ ၂ ဦးကို ခြေရာခံနိုင်ခြင်း မရှိသေး

အာရူနားချားပြည်နယ် အန်ဂျောခရိုင် အိန္ဒိယ-တရုတ်နယ်စပ်တစ်လျှောက်၌ ဩဂုတ် ၂၄ ရက်ကတည်းက ပျောက်ဆုံးသွားသော လူငယ် ၂ ဦးကို ခြေရာခံနိုင်ခြင်းမရှိသေးပေ။ အသက် ၃၃ နှစ်အရွယ် ဘာတောလမ်တစ်ရို နှင့် အသက် ၃၅ နှစ်ရှိ ဘာယင်ဆိုမန်ယူတို့သည့် တောထဲ၌ ဆေးဖက်ဝင်အပင်များရှာရန် ဩဂုတ် ၁၉ ရက်က အိမ်ကထွက်သွားခဲ့ကြပြီး ရွာသားများက ၎င်းတို့ကို ဩဂုတ် ၂၄ ရက်တွင် နောက်ဆုံး တွေ့မြင်ခဲ့ကြသည်ဟု ဆိုသည်။

လူငယ် ၂ ဦးသည် အိပ်ရာခင်းနှင့် ၁၅-၂၀ ရက်စာ အစားအသောက်များ ယူသွားခဲ့ကြသည်။ လူငယ် ၂ ဦးသည် တစ်လခွဲကြာသည့်တိုင်ပြန်မလာသောအခါ မိသားစုဝင်များက အောက်တိုဘာ ၉ ရက်တွင် ခူပါရွာ ရဲစခန်း၌ လူပျောက်တိုင်တန်းခဲ့သည်။

ပျောက်သွားသောလူငယ် ၂ ဦးသည် အိန္ဒိယနယ်စပ်ကို အမှတ်မထင်ဖြတ်မိပြီး တရုတ်နိုင်ငံတွင်းသို့ ရောက်သွားကာ တရုတ်စစ်တပ်၏ ဖမ်းဆီးမှုကို ခံထားရနိုင်ကြောင်း မိသားစုဝင်များက သံသယရှိနေကြသည်။

တရုတ်စစ်တပ်သည် ၂၀၂၀ ခုနှစ် စက်တင်ဘာက အာရူနာချားပြည်နယ် အထက်ဆူဘန်ဆီရီခရိုင်မှ လူငယ် ၅ ဦးကို ဖမ်းဆီးခဲ့ပြီး ရက်သတ္တပတ်အနည်းငယ် အကြာ၌ ပြန်လွှတ်ပေးခဲ့သည်။ ယခုနှစ် ဇန်နဝါရီ ၁၈

ရက်ကလည်း အာရူနာချားပြည်နယ် အထက်ဆီအန်းဒေသမှ မီရမ်တာရွန်အမည်ရှိ လူငယ်ကို တရုတ်စစ်တပ်ကဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှ တရားဝင်လုပ်ငန်းစဉ်များအတိုင်း ပြန်လွှတ်ခဲ့သည်။ အိန္ဒိယ-တရုတ်နယ်စပ်ခရိုင်မှ လူငယ်များသည် ဆေးဖက်ဝင်အပင်များနှင့် ဟင်းသီးဟင်းရွက်များ ရှာဖွေရန် တောင်ပေါ်များသို့ သွားရောက်လေ့ရှိပြီး တရုတ်ပိုင်နက်ကို အမှတ်မထင် ဖြတ်မိကာ တရုတ်စစ်တပ်၏ ဖမ်းဆီးမှုကို ခံရသည်။ မိသားစုဝင်များက ပျောက်ဆုံးနေသော လူငယ်များကို ရှာဖွေပေးရန် ပြည်နယ်အစိုးရ၊ ဗဟိုအစိုးရနှင့် အိန္ဒိယစစ်တပ်တို့ကို မေတ္တာရပ်ခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly