“ဖားကန့် - အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ” ဆိုသည့် ကလေးမြို့ ပင်မ သပိတ်စစ်ကြောင်း

“ဖားကန့် - အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ” ဆိုသည့် ကလေးမြို့ ပင်မ သပိတ်စစ်ကြောင်း

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ရက်ပေါင်း ၆၄၁ မြောက်အဖြစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

“ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ”စာတမ်းကိုင်စွဲပြီး လေ ကြောင်းပစ်ခတ်မှုတွင် ကျဆုံခဲ့ရသော ပြည်သူ၊ အနုပညာရှင်၊ တော်လှန်ရေး ရဲဘော်များနှင့်အတူ ရပ်တည်ကြောင်း ပြသခဲ့ပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ငြိမ်သက်အလေးပြုခဲ့ကြသည်။

မိဘပြည်သူများအနေဖြင့် စစ်အာဏာရှင်၏ ခေတ်အဆက်ဆက်ဖိနှိပ်ချုပ်ချယ်မှုများအား အပြီးတိုင်ချုပ်ငြိမ်းသွား စေရန် ငြိမ်ခံမနေဘဲ လမ်းမပေါ်သို့တက်ကာ အလံနှင့်အသံကြားရာအရပ်မှ ပူးပေါင်းပါဝင်ကြရန် ပင်မသပိတ်မှ တိုက်တွန်းထားသည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက် ၂၀၂၁ မှ စတင်၍ နေ့စဉ်မပျက်မကွက် ဆန့်ကျင် ကန့်ကွက်သပိတ်မှောက်နေကြခြင်း ဖြစ်သည်။

(ပုံသတင်း)

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required