ဥရောပတွင် ၂၀၂၂ ၌ ပူပြင်းသည့် ရာသီဥတုကြောင့် လူ ၁၅၀၀၀ အနည်းဆုံး သေဆုံး 

ဥရောပတွင် ၂၀၂၂ ၌ ပူပြင်းသည့် ရာသီဥတုကြောင့် လူ ၁၅၀၀၀ အနည်းဆုံး သေဆုံး 

နိုဝင်ဘာလ ၈ ရက်

၂၀၂၂ ၏ လက်ရှိကာလအထိ ပူပြင်းသော ရာသီဥတုကြောင့် ဥရောပတွင် လူအနည်းဆုံး ၁၅၀၀၀ နီးပါး သေဆုံးရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပြီး စပိန်နှင့် ဂျာမနီသည် အဆိုးဆုံး ကြုံရသည့် နိုင်ငံများတွင် ပါဝင်ကြောင်း သိရသည်။ 

ဇွန်မှ ဩဂုတ်လအထိ သုံးလတာသည် မှတ်တမ်းစတင်သည့်အချိန်မှနောက်ပိုင်း ဥရောပတွင် အပူပြင်းဆုံး ကာလများ ဖြစ်ခဲ့ပြီး ထူးထူးခြားခြား မြင့်မားသည့် အပူချိန်ကြောင့် အလယ်ခေတ်မှနောက်ပိုင်း ဥရောပ၌ အဆိုးဆုံး မိုးခေါင်မှုကို ရင်ဆိုင်ကြုံတွေ့ရသည်။ 

“လက်ရှိအထိ တင်သွင်းထားတဲ့ နိုင်ငံတွေရဲ့ အချက်အလက်အရ ၂၀၂၂ မှာ အပူကြောင့် သေဆုံးရသူပေါင်းဟာ ၁၅၀၀၀ အနည်းဆုံး ရှိတယ်လို့ ခန့်မှန်းရတယ်”ဟု WHO ၏ ဥရောပ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟန့်စ် ကလော့ဂ်က ထုတ်ပြန်ချက်၌ ဆိုသည်။ 

“သေဆုံးသူ ၄၀၀၀ ဝန်းကျင်ဟာ စပိန်က ဖြစ်ပါတယ်၊ ပေါ်တူဂီမှာ ၁၀၀၀ ကျော် သေဆုံးတယ်၊ ဗြတိန်မှာက ၃၂၀၀ ကျော်နဲ့ ဂျာမနီမှာက ၄၅၀၀ နီးပါး ရှိတယ်လို့ နွေသုံးလအတွင်း ကျန်းမာရေး အာဏာပိုင်တွေရဲ့ တင်ပြချက်အရ သိရတယ်”ဟု ၎င်းက ထပ်လောင်းပြောသည်။ 

“အပူကြောင့် သေဆုံးရတာ များကြောင်း သတင်းတင်တဲ့ နိုင်ငံတွေ များလာတာကြောင့် အခု ခန့်မှန်းချက်ဟာလည်း တိးလာဖို့ ရှိတယ်”ဟု ထုတ်ပြန်ချက်၌ ဆိုထားကာ အီဂျစ်က ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု ညီလာခံကို အလေးထား ဖော်ပြထားပြီး ရုတ်ခြည်း အရေးယူဆောင်ရွက်ရန် တိုက်တွန်းထားသည်။ 

ဥရောပတွင် ကောက်ပဲသီးနှံများ ညှိုးရော်မှု၊ သမိုင်းတွင် ခြောက်သွေ့မှုက ပြင်းထန်သော တောမီးလောင်ကျွမ်းစေမှုများသည် တိုက်၏ စွမ်းအင်ရင်းမြစ်အတွက်လည်း ဖိအားများ ဖြစ်စေသည်။ 

အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးရပ်စ်အထိ ထိပ်ဆုံး မြင့်တက်ခဲ့သော ဇွန်နှင့် ဇူလိုင်ကြား ဆက်တိုက်အပူလှုင်းကို ပထမဆုံးအဖြစ် ဗြိတိန်တွင် ကြုံတွေခဲ့ရပြီး အပူလှိုင်းကျရောက်သည့် ထိုကာလ၌ ဥရောပတွင် သေဆုံးသူ ၂၄၀၀၀ ခန့် ရှိခဲ့သည်။ 

“အပူချိန် မြင့်လွန်းရင် ကိုယ်ခန္ဓာဟာ သူ့ဘာသာ ပြန်အေးအောင် မလုပ်နိုင်တော့ဘူး၊ ဒီအတွက် ဥရောပဒေသတွင်းမှာ ရာသီဥတုနဲ့ ဆက်စပ်ပြီး သေဆုံးရတာတွေ ဖြစ်ပေါ်စေတာပဲ”ဟု WHO က ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly