ရှီကျင့်ဖျင် သမ္မတသက်တမ်း ပြန်လည်အရွေးခံရပြီးနောက် ချမ်းသာသော တရုတ်လူမျိုးများ နိုင်ငံအတွင်းမှ ထွက်ခွာ

ရှီကျင့်ဖျင် သမ္မတသက်တမ်း ပြန်လည်အရွေးခံရပြီးနောက် ချမ်းသာသော တရုတ်လူမျိုးများ နိုင်ငံအတွင်းမှ ထွက်ခွာ

တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ အောက်တိုဘာလက အကြိမ် ၂၀ မြောက် ပါတီညီလာခံအပြီးတွင် အဓိကစတော့ကုန်စည်ဒိုင်များ သိသိသာသာ ကျဆင်းသွားခဲ့သည်။

ကွန်မြူနစ်ပါတီ၏ ၁၀ နှစ်လျှင် ၂ ကြိမ်သာပြုလုပ်သည့်ဆွေးနွေးပွဲအပြီးတွင် ချမ်းသာကြွယ်ဝသူများသည် တရုတ်နိုင်ငံတွင်းမှ ထွက်ခွာသွားကြခြင်းကြောင့် အရင်းအနှီးများသည် တရုတ်ဈေးကွက်မှ လျင်မြန်စွာ ဆုတ်ခွာနေ ကြောင်း Financial Post ဖော်ပြခဲ့သည်။

ရှန်ဟိုင်းမြို့ရှိ ဇိမ်ခံအိမ်များသည် ဈေးကွက်ပေါက်ဈေး၏ ၄၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားကာ အချို့သော လူများက ရောင်းချနေကြသည်ဟု သတင်းများက ဆိုသည်။ ဇိမ်ခံအိမ်အမြောက်အမြား ရောင်းချရကြောင်း အခြားသတင်းများတွင် ဖော်ပြထားသည်။

ယင်းသည် နိုင်ငံ၏ အနာဂတ်အခြေအနေနှင့် ပတ်သက်ပြီး ဈေးကွက်၏ တုံ့ပြန်မှုကို ရောင်ပြန်ဟပ်နေခြင်းဖြစ် ကြောင်း လေ့လာသူများက ဆိုသည်။

တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်သည် သမိုင်းဝင်တတိယအကြိမ်မြောက် သမ္မတသက်တမ်းရယူပြီးနောက် နိုင်ငံရေးစိန်ခေါ်မှုကို လျှော့ချရေးအတွက် အဖွဲ့သစ်တစ်ခုကို ဖွဲ့စည်းခဲ့သည်။

ထိပ်တန်းခေါင်းဆောင်သည် စီးပွားရေး၊ နိုင်ငံခြားဆက်ဆံရေးနှင့် လူ့အခွင့်အရေးတို့နှင့် ပတ်သက်ပြီး တရုတ်တွင် ပိုမိုပြင်းထန်သော မူဝါဒများကို ချမှတ်လာနိုင်သည်။

ရှီက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ပါတီ၏ အမြဲတမ်း ကော်မတီသစ်ကို ယခုအခါတွင် တရုတ်၏ အထင်ရှားဆုံး ပုဂ္ဂိုလ် ၇ ဦးဖြင့် ဖွဲ့စည်းထားသည်။ ပုဂ္ဂိုလ် ၆ ဦးစလုံးကို သမ္မတက ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ၎င်းကို သစ္စာခံသူ များဖြစ်သည်။

အများအားဖြင့် ပါတီညီလာခံများအပြီးတွင် တရုတ်ရှယ်ယာများသည် ကောင်းမွန်သော်လည်း အကြိမ် ၂၀ မြောက် အမျိုးသားညီလာခံအပြီးတွင် အခြေအနေမှာ ကွဲပြားလှသည်။

နိုင်ငံ၏အမြင့်ဆုံး ဆုံးဖြတ်ချက်ချသော အဖွဲ့သို့ ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ် ကင်းမဲ့သော ခေါင်းဆောင်များနေရာရလာခြင်းသည် အဓိကအကြောင်းအရင်း ဖြစ်ကြောင်း ဂျပန် Nikkei Asia က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly