မတ္တရာမြို့နယ်က ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဋ္ဌ အသတ်ခံရပြီးနောက် မီးလင်းရေးဥက္ကဋ္ဌများ နုတ်ထွက်စာတင်သူများလာ

မတ္တရာမြို့နယ်က ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဋ္ဌ အသတ်ခံရပြီးနောက် မီးလင်းရေးဥက္ကဋ္ဌများ နုတ်ထွက်စာတင်သူများလာ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ငယ်တိုးကျေးရွာ မီးလင်းရေး ကော်မတီ ဥက္ကဋ္ဌသည် အောက်တိုဘာလ ၃၁နေ့ရက်က အသတ်ခံခဲ့ရပြီးနောက် မီးလင်းရေးကော်မတီ ဥက္ကဋ္ဌများ နုတ်ထွက်နေကြ​ကြောင်း သိရသည်။

"ရွာ မီးလင်းရေးကော်မတီအများစုက အုပ်ကြီးတွေပဲ။ စစ်ဗိုလ်တွေခိုင်းတာ လုပ်ပေးနေကြတာ။ အသတ်ခံရမှာ ​ကြောက်ပြီး ထွက်တာပေါ့ဗျာ"ဟုဒေသခံတစ်ဦးက ပြောသည်။

ကျေးရွာမီးလင်းကော်မတီ ဥက္ကဋ္ဌများ အသီးသီး နုတ်ထွက်စာ တင်သော်လည်း စစ်ကောင်စီက နုတ်ထွက်ခွင့်မပြုဘဲ ထွက်စာတင်ပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ကြောင်းလည်း မီးလင်းရေးကော်မတီဥက္ကဋ္ဌ၏ မိတ်ဆွေတစ်ဦးက ဆိုသည်။

မတ္တရာမြို့နယ်အတွင်းမှ ကျေးရွာ ဥက္ကဋ္ဌများနှင့်မီးလင်းရေးကော်မတီ ဥက္ကဋ္ဌများ ၂၀ဦးထက် မနည်း နိုင်ဝင်ဘာ ၅ ရက်က နုတ်ထွက်စာများတင်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required