ဆောမြို့ရှိ ရှင်မာလဲ ဘုရားအား ဒေသကာကွယ်တပ်ဖွဲ့များ သတ်မှတ်ထားသည့်အချိန်တွင်သာ ဆီမီး ၁,၀၀၀ ကပ်လှူပူဇော်

ဆောမြို့ရှိ ရှင်မာလဲ ဘုရားအား ဒေသကာကွယ်တပ်ဖွဲ့များ သတ်မှတ်ထားသည့်အချိန်တွင်သာ ဆီမီး ၁,၀၀၀ ကပ်လှူပူဇော်

မဇ္ဈိမ။ ။မကွေးတိုင်း၊ ဆောမြို့‌တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ရှင်မာလဲဘုရားအား ဆီမီး ၁,၀၀၀ ၊ ပန်း၁,၀၀၀ ၊ ဆွမ်း၁,၀၀၀ ကပ်လှူပူဇော်ပွဲကို တန်ဆောင်မုန်းလဆန်း၊ လပြည့် နှင့် လပြည့်ကျော် ၁ ရက်နေ့များတွင် ပြုလုပ်ကြသည် ။

စစ်တပ် အာဏာမသိမ်းမီ နှစ်များက ဘုရားပွဲကို ဇာတ်ပွဲများဖြင့် စည်စည်ကားကား ကျင်းပခဲ့ကြသော်လည်း ယခုအခါတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန် သတ်မှတ်ထားသည့် အချိန်အတွင်းတွင်သာ ရှင်မာလဲဗုဒ္ဓပူဇေနိယဘုရားပွဲကို အစဉ်လာမပျက် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required