တရုတ်က စောင့်ကြည့်လေ့လာရေးစနစ်ဖြင့် ဒစ်ဂျစ်တယ်အာဏာရှင်ပုံစံအတွက် အစီအစဉ်ချမှတ်နေ

တရုတ်က စောင့်ကြည့်လေ့လာရေးစနစ်ဖြင့် ဒစ်ဂျစ်တယ်အာဏာရှင်ပုံစံအတွက် အစီအစဉ်ချမှတ်နေ

တရုတ်သည် စမတ်မြို့တော်များအတွက် စောင့်ကြည့်လေ့လာရေးစနစ်များတင်ပို့သည့်နည်းဖြင့် ဒစ်ဂျစ်တယ်အာဏာရှင်စနစ်အတွက် အသေးစိတ်အစီအစဉ်ချမှတ်လျက်ရှိကြောင်း The Manila Times ကဖော်ပြသည်။

တရုတ်နိုင်ငံ၏ စမတ်စီးတီးများ အစပျိုးမှုသည် လွတ်လပ်မှုအတွက် အန္တရာယ်တစ်ခုဖြစ်ပြီး နိုင်ငံရေးသမား တစ်ဦးသည် နိုင်ငံရေးအောင်မြင်မှုကို ရယူထိန်းသိမ်းရန် အာဏာရှင်စနစ်ကို မည်သို့အသုံးချနိုင်ကြောင်း လက်တွေ့ကမ္ဘာ၏ အကောင်းဆုံး ဥပမာများထဲမှ တစ်ခု ဖြစ်နိုင်ကြောင်း သတင်း၌ ဖော်ပြထားသည်။

သမ္မတရှီကျင့်ဖျင်သည် ၂၀၁၃ ခုနှစ်က ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) မစတင်မီက အချက်အလက်ကို ထိန်းချုပ်ထားသူမည်သူမဆို အသာစီးရထားသည်ဟု ပြောကြားခဲ့သည်မှာ တိုက်ဆိုင်မှုမဟုတ်ကြောင်း The Manila Times ကဖော်ပြသည်။

ရှီသည် ဒစ်ဂျစ်တယ်အာဏာရှင်စနစ်အတွက် အသေးစိတ်စီမံချက်ကိုအကောင်အထည်ဖော်ရန် နည်းပညာ ရှာဖွေမှုကို လုပ်ဆောင်လျက်ရှိသည်။ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းတွင် ပါဝင်သောမိတ်ဖက်နိုင်ငံများသည် ၎င်းတို့နိုင်ငံသား အချက်အလက် အများအပြားကိုသာမက တခြားနိုင်ငံများမှ ကိုယ်ရေးကိုယ်တာအရ သို့မဟုတ် အလုပ်ခရီးဖြင့်လာရောက်သူများ၏ အချက်အလက်များကိုပါ စောင့်ကြည့်ရန် တရုတ်အား ခွင့်ပြုထားသည်။ အာဏာရှင်ဆန်သောကင်းထောက်နည်းပညာများကို စိတ်တူကိုယ်တူနိုင်ငံများသို့ တင်ပို့ပေးခြင်းက တရုတ်အား ကမ္ဘာ့ခေါင်းဆောင်ဖြစ်လာစေရန် အထောက်အကူပြုမည်ဖြစ်သည်။

အချက်အလက်များအပြားကို ဉာဏ်ရည်တုနည်းပညာ (AI) နှင့်ပေါင်းစပ်ကာ အစိုးရအသုံးပြုနိုင်သော စောင့်ကြည့်ရေးကိရိယာများဖြစ်လာသည်ဟု The Manila Times ကဖော်ပြသည်။

တရုတ်သည် သမိုင်းဝင် ပိုးလမ်းမကဲ့သို့သော ကားလမ်းနှင့်ရထားလမ်းကွန်ရက်ကို နိုင်ငံပေါင်း ၁၅၀ နှင့်ချိတ်ဆက်ရန် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ကို စတင်ခဲ့သည်။ အလားတူ တရုတ်ကုမ္ပဏီများနှင့် နိုင်ငံသားများသည် တရုတ်၏ သူလျှိုစီမံကိန်းတွင် ပါဝင်ခဲ့ကြသည်။ ထို့ကြောင့် ခါးပတ်လမ်းရပ်ဝန်းနှင့်ချိတ်ဆက်ထားသော မည်သူမဆို တရုတ်စောင့်ကြည့်ရေးစီမံကိန်း၏ တစ်စိတ် တစ်ပိုင်းဖြစ်ကြောင်း The Manila Times ကဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly