မြင်းမူမြို့နယ် လက္ကပင်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ဒေသခံ ၃ ဦး အပြင်းအထန်ဒဏ်ရာရ

By လွှမ်းမိုး
07 November 2022
မြင်းမူမြို့နယ် လက္ကပင်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ဒေသခံ ၃ ဦး အပြင်းအထန်ဒဏ်ရာရ

နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ဂွေးပင်တောကျေးရွာမှ ထွက်ခွာလာပြီး ဘိုးမင်းကြီးကင်းရွာ အနီးတောစပ်တစ်နေရာ တွင် စခန်းချ၍လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အင်အား ၈၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းသည် နိုဝင်ဘာ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်မှ စတင်ကာ ကျော့မင်းကျေးရွာ နှင့် လက္ကပင် ကျေးရွာများကို ဦးတည် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ ရွာသူ ရွာသားတွေ အားလုံးကတော့ စစ်ကောင်စီ စစ်ကြောင်း နီးလာပြီ ဆိုကတည်းက အားလုံးထွက်ပြေးကြဖို့ ပြင်နေတာ။ စစ်ကောင်စီတပ်က ရွာတွေ ဘက်ကို ပစ်မှတ်ထားပြီး လှမ်းပစ်နေတာပါ။ ကျော့မင်း ကျေးရွာဘက်ကို ပစ်ခတ်မှုမှာတော့ လက်နက်ကြီး ထိမှန်ပြီး အိမ်နှစ်လုံး ပျက်စီးသွားပါတယ်။ လက္ကပင် ကျေးရွာမှာတော့ ဒေသခံပြည်သူ သုံးဦး လက်နက်ကြီးကျည် ထိမှန်ပြီး အပြင်းအထန် ဒဏ်ရာ ရခဲ့ပါတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။

မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနေခြင်းကြောင့် လက္ကပင် ရွာ နှင့် ကျော့မင်းရွာ အပါအဝင် ကျေးရွာ ငါးရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ၍ စစ်ဘေးရှောင်နေရသည်။

စာတည်း။ ။မောင်ကောင်း

#စစ်ကိုင်းတိုင်း

#မြင်းမူမြို့နယ်

#လက္ကာပင်ကျေးရွာ

#စစ်ကောင်စီတပ်

#လက်နက်ကြီးပစ်ခတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required