ပါကစ္စတန်အတွက် GSP+ အစီအစဉ်အောက်တွင် လုပ်ထုံးလုပ်နည်းအသစ်များ ထည့်သွင်းရန် အီးယူ စီစဉ်

ပါကစ္စတန်အတွက် GSP+ အစီအစဉ်အောက်တွင် လုပ်ထုံးလုပ်နည်းအသစ်များ ထည့်သွင်းရန် အီးယူ စီစဉ်

ပါကစ္စတန်သည် ဥရောပသမဂ္ဂ (အီးယူ) ၏ ကုန်သွယ်မှုဆိုင်ရာ အကောက်ခွန်အထူးခံစားခွင့်များ GSP Plus အစီအစဉ်၏ ရှိရင်းစွဲ လုပ်ထုံးလုပ်နည်းများကို လိုက်နာနိုင်ရန် အပြင်းအထန် ကြိုးပမ်းနေရစဉ် အဖွဲ့ဝင် ၂၇ နိုင်ငံပါ အီယူအုပ်စုသည် ယခုအခါ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းသစ် ၅ ခု သို့မဟုတ် ၆ ခုကို ထည့်သွင်းရန် စီစဉ်နေသည်။

အဆိုပါ အစီအစဉ်သည် ၂၀၂၃ ခုနှစ်တွင် သက်တမ်းကုန်ဆုံးရန် ရှိနေစဉ် အီးယူအနေဖြင့် ပြီးခဲ့သည့် ဆယ်စုနှစ်၏ အပြီးသတ် အစီရင်ခံစာကို ဥရောပသမဂ္ဂ ပါလီမန်တွင် ဆွေးနွေးကာ အစီအစဉ်ကို ဆက်သွားရေးနှင့် ပတ်သက်ပြီး အဆုံးအဖြတ်ပေးသွားလိမ့်မည် ဖြစ်ကြောင်း Daily Times မီဒီယာက ဖော်ပြသည်။

GSP Plus အစီအစဉ်သည် ပါကစ္စတန် စီးပွားရေးအတွက် အလွန်အရေးပါပြီး ယင်းသည် ဘက်ပေါင်းစုံ ကုန်သွယ်မှုကို ချဲ့ထွင်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ထားသည်။

အီးယူ-ပါကစ္စတန် ဆက်ဆံရေးသည် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး၊ ကုန်သွယ်မှု၊ ရာသီဥတု ပြောင်းလဲမှု၊ GSP Plus အစီအစဉ်နှင့် အခြားနယ်ပယ်များ အပါအဝင် နယ်ပယ်အလုံးစုံကို လွှမ်းခြုံသည့် မဟာဗျူဟာကျ ဆက်ဆံမှုတစ်ခု ရှိကြောင်း ပါကစ္စတန်ဆိုင်ရာ အီးယူသံတမန် ရီးနာ ကီအွန်ကာက ပြီးခဲ့သည့် သီတင်းပတ်တွင် ဖိုင်ဆယ်လာဘတ်မြို ပါကစ္စတန် အထည်အလိပ် တင်ပို့သူများ အသင်း (PTEA) ၌ ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် ပြောသည်။

GSP Plus အစီအစဉ် ဆက်သွားရေးက ကျန်လုပ်ထုံးလုပ်နည်း ၂၇ ချက် အပါအဝင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစံသတ်မှတ်ချက်များနှင့် သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်းအသစ် ၅ ခုမှ ၆ ခုကို အတည်ပြုခြင်းအပေါ် မူတည်မည် ဖြစ်ကြောင်း သူမက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly