စစ်တွေမြို့ RVစားသောက်ဆိုင်တွင် လူ၃ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်တွေမြို့ RVစားသောက်ဆိုင်တွင် လူ၃ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်တွေမြို့ RV စားသောက်ဆိုင်တွင် လူသုံးဦးသေနတ်ဖြင့်ပစ်သတ်ခံရသည်ဟု သိရသည် ။ နိုဝင်ဘာလ ၆ရက်နေ့၊ညနေ ၈နာရီခန့်တွင် RVစားသောက်ဆိုင်တွင် ရှိနေအချိန် လူတစုမှသေနတ်ဖြင့် ဝင်ပစ်ခတ်သွားခြင်းဖြစ်သည်။

သေနတ်သမားများပစ်သတ်ခဲ့သည့် လူသုံးဦးမှာ စစ်ကောင်စီလက်အောက်ခံအရာရှိများ ဖြစ်သည်ဟုလည်းပြောဆိုကြသည်။အဆိုပါလူသုံးဦးထဲတွင် ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ် ညွန်ကြားရေးမှုး ဦးသက်ဦးဆိုသူလည်း ပါဝင်သည်ဟု ငါးလုပ်ငန်းဦးစီးဌာနနှငိ့ နီးစပ်သူထံမှ သိရသည်။

“ငါးလုပ်ငန်းဦးစီးဌာနက ပြည်နယ်ညွန်ကြားရေးမှုး ပါတယ်။ နောက်နှစ်ယောက်ကို တော့မသိဘူး။ထင်တာကတော့ နယ်လုံကအရာရှိတွေနဲ့သာပေါင်းတယ်။ နောက်နှစ်ယော က်ကတော့ နယ်လုံအရာရှိတွေဘဲဖြစ်နိုင်ခြေများမယ်။ဘဦးကတော့မသေသေးဘူးသိရ တယ် အရေးပေါ်အခန်းထဲမှာရှိနေတယ်။”ဟု ငါးလုပ်ငန်းဦးစီးဌာနဲ့ နီးစပ်သူတဦးက မဇ္စျိမကိုပြော သည်။

လက်ရှိအချိန်တွင် သေနတ်ဖြင့်ပစ်သတ်ခံရသည့် လူသုံးဦးမှာ အရေးပေါ်အခန်းတွင်ရှိနေသည်ဟုသိရသည်။ အဆိုပါ လူသုံးဦးကို ဝင်ရောက်ပစ်ခတ်သွားသည့် သေနတ်သမားများမှာ မည်သည့်အဖွဲ့အစည်းဆိုသည်မှာမသိရှိရသေးပါ။

ဖြစ်စဉ် အသေးစိတ်ကိုမဇ္စျိမမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required