ဘူးသီးတောင်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ ဒေသခံ ၁ ဦးသေဆုံး ၊ အသက် ၅ နှစ်အရွယ်ကလေးငယ်နှင့်အမျိုးသမီးဒဏ်ရာရ

ဘူးသီးတောင်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ ဒေသခံ ၁ ဦးသေဆုံး ၊ အသက် ၅ နှစ်အရွယ်ကလေးငယ်နှင့်အမျိုးသမီးဒဏ်ရာရ

နိုဝင်ဘာလ ၅ ရက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ကင်းမနုကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၁၁နာရီ ၂၀ မိနစ်တွင် စစ်ကောင်စီတပ် စကစ(၁၅)မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်သည် သရက်ကင်း မနုကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဦးအဘူနော်ဆဲဆိုသူ သေဆုံး ခဲ့ပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ငါးနှစ်အရွယ် ကလေး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

“ဒီနေ့ နေ့လယ်လောက်က ရွာထဲကို လက်နက်ကြီးကျည်ကျတာပါ။ အမျိုးသား တစ်ဦး သေသွားတယ်။ နောက်ထပ် ငါးနှစ်အရွယ်ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရတယ်” ဟု သရက်ကင်းမနုရွာဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် သေဆုံးသူ ဦးအဘူနော်ဆဲ မှာ မူဆလင် အမျိုးသားတစ်ဦးဖြစ်ပြီး ရုပ်အလောင်းကို ယနေ့တွင်ပင် သင်္ဂြိုဟ် သွားမည်ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly