နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၅ နိုဝင်ဘာ ၂၀၂၂) 

နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၅ နိုဝင်ဘာ ၂၀၂၂) 

နိုဝင်ဘာလ ၅ ရက်
 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • မန္တလေးကမြေကွက်တွေကို NUG က ရောင်းချသည့် “ပြည်တော်ဝင်ပြီးနန်းသိမ်းမယ်” စီမံကိန်းက မြေကွက် ဒေါ်လာ ၂သန်း၄သိန်းကျော်ဖိုးကို ပြည်သူတဦးထဲက ဝယ်ယူသွားကြောင်း NUG က ကြေညာသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတစ်ရွာ၏ကြားကာလပညာသင်ကြားရေးကျောင်းတွင် ကျောင်းကျန်းမာရေး ပညာပေးကို နိုဝင်ဘာ ၄ ရက်က အမျိုးသား ညီညွတ်ရေးအစိုးရ လမ်းညွှန်မှုဖြင့် ပြုလုပ်ခဲ့ကြသည်။ 

  • အကြမ်းဖက်စစ်ကောင်စီကို ခုခံတော်လှန်စစ်အားကောင်းကောင်းနှင့် ရင်ဆိုင်နေသည့် ကရင်နီပြည်ကို ထောက်ပံ့ကူညီရန် အတွက် BOND For Kaernni ကို ဝယ်ယူနိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက၏ United Bondsက ထုတ်ပြန်လိုက်သည်။ 

  • ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူများ၏ အလှူငွေကို လွတ်လပ်လုံ ခြုံစွာ လက်ခံနိုင်ရေးအတွက် NUG Pay အကောင့်ပြုလုပ်ထားကြောင်း သိရသည်။ 
     

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် စစ်တပ် ခိုင်းစေမှုဖြင့် ခိုးဆိုးလုနှိက်ပြီး ထောက်လှမ်းရေး လုပ်ဆောင်နေ သူ ၂ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

  • နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တောင်ငူမြို့နယ် ဇရပ်ကြီးအနီးရှိ တလိုင်းအိုင်ရွာ အလှူပွဲတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ယင်းနောက် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ် ဘက် က ၅ ဦးခန့်သေဆုံးကြောင်း သိရသည်။ 

  • နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ် ဖားယားကြီးကျေးရွာနေ အုပ် ချုပ်ရေးမှုး ဆောင်းတင်ကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃၆၀၁) တပ်ခွဲ (၅) နွေဦးအဖွဲ့ မှ နန်းထိုက်အောင် စစ်ဆင် ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။ 

  • နိုင်ဝင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်း သပိတ်ကျင်းမြို့ရှိ အကြမ်း ဖက် စစ်တပ် လက်အောက်ခံ ရဲကင်း စစ်ဆေးရေးဂိတ်ကို သပိတ်ကျင်းမြို့နယ် ပကဖ ကြာညှပ်-ပြည်သူ့ ကာကွယ်ရေးတပ် ဖွဲ့က ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

  • အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းကြား ဧရာဝတီမြစ်လယ် ရေလယ်ကျွန်းပေါ်တွင် လက်နက်ကြီး အထိုင်ချပြီး မြစ်အနောက်ဘက်ကမ်းရှိ ဝက်လက်မြို့နယ်အတွင်းသို့ ညစဉ် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း သတင်းရရှိသည်။ 

  • ပခုက္ကူမြို့နယ် ကျောက် စရစ်ကန်နှင့် မြိုင်မြို့နယ် သစ်ပင်ကြီးရွာ လမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသော စစ်သားနှင့် ပျူစောထီးများကို နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရကြောင်း သိရသည်။ 

  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် PDF စစ်ဆေးရေး ဂိတ်စခန်းကို လာရောက် ဖျက်ဆီးသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် လိုက်ပါလာသော လက် နက် ကိုင် ပျူစောထီး ငဖြိုး(ခ) ဖြိုးသူကျော်က ဂိတ်ရှိ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို ခြေထောက်ဖြင့်ကန်၍ ဖျက်ဆီးပြီးနောက် မိနစ်ပိုင်းအတွင်း မိုင်းထိကာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။ 

  • ကနီမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့တွင် ကထိန်လှည့်လည်ပြီး ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းရှိကျေးရွာများသို့ စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၂ ရက်နေ့မှ အောက်တိုဘာလကုန်အထိ ၁၀ ရက်နီးပါးကြာ စစ်ကြောင်းထိုးဝင်ရောက် ပြီးနောက် ပြည်သူရှစ်ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတစ်ဦးကပြောသည်။ 

  • တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ်၊ နဘုလယ်​ဒေသတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများက ယနေ့ နံနက်ပိုင်း သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မူးဒူးဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဓမ္မဝံသ ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။  

  • စစ်အာဏာသိမ်းပြည်ပြီးနောက် CDM ပြုလုပ်လာခဲ့သည့် အမျိုးသမီးတစ်ဦးက ကရင်ရိုးရာ အဝတ်အထည် ရက်လုပ်မှုသင်တန်းဖြစ်သည့် အခြေခံဂျပ်ခုတ်ထည်သင်တန်းကို ကရင်ပြည်နယ်အတွင်း သင်ကြားနေ ကြောင်း သိရသည်။ 
     

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းရှိ စစ်ကောင်စီလက်အောက်ခံဌာနများနှင့် ခလရ(၉၇)တပ်ရင်းတို့ကို KTLA, KNLA, PDF ပူးပေါင်းတပ်ဖွဲ့တို့မှ အောက်တိုဘာ၂၁ရက်နေ့မှ စတင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူများနှင့် ဝေဟင်ပစ်ကူ အကြိမ် ၁၀၀နီးပါး အသုံးပြုခဲ့သည်။ 

  • ဧရာဝတီတိုင်း၊ ပုသိမ်မြို့သား PDF တပ်ဖွဲ့ဝင်တစ်ဦး KNU နယ်မြေတွင် နိုဝင်ဘာလ ၂ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန်က စစ်ကောင်စီတပ်ဖွဲ့များ ရမ်းသန်း ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ ကျဆုံးသွား ကြောင်း သိရသည်။ 
     

စစ်ကောင်စီ 

  • အခက်အခဲများစွာရှိခဲ့သော်လည်း ကျော်လွှားပြီး ပြည်တွင်းစီးပွားရေး မြှင့်တင်နိုင်ခဲ့ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ ထားဝယ်ခရိုင်အတွင်းက MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် ပြောသည်။ 

  • COVID -19 ရန်ပုံငွေလက်ကျန်မှ ရယူထားသည့် ချေးငွေများအား ပြန်ဆပ်ရမည့်ကာလကို တစ်နှစ် ထပ်မံ သက်တမ်းတိုးလိုက်ကြောင်း စစ်ကောင်စီက ယမန်နေ့ နိုဝင်ဘာလ ၄ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

  • ကုမ္ပဏီများကို စိစစ်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဥပဒေမလိုက်နာကြောင်း တွေ့ရှိပါက အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ယမန်နေ့ နိုဝင်ဘာလ ၄ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ 

  • ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းဖြစ်သလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ် သော ကိုလင်းထက်နိုင်‌(ခ)ကိုဂျိမ်းကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)ဖြင့် ထပ်မံတရားစွဲဆိုလိုက်ကြောင်း မိသားစုနှင့်နီးစပ်သူများက ဆိုသည်။ 

  • စစ်ကောင်စီမှစီစဉ်ကျင်းပသည့် ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ဖွင့်ပွဲအခမ်း အနားကို နိုဝင်ဘာလ ၄ ရက်နေ့ညကကျင်းပခဲ့ရာ မျှော်မှန်းသလောက်စည်ကားမှုမရှိခဲ့ကြောင်း သတင်း ရင်းမြစ်များထံမှ သိရ သည်။ 

  • တပ်က နိုင်ငံတော်ကာကွယ်ရေးကို တာဝန်ယူရမှာ ဖြစ်သော်လည်း အခု နိုင်ငံတော်၏ တာဝန်ကိုပါ ထိန်းသိမ်းဆောင်ရွက်နေရကြောင်း အာဏာလု မင်းအောင်လှိုင်က ပြောသည်။ 
     

နိုဝင်ဘာ ၅ ရက် သုံးသပ်ချက် 

  • တိုက်ပွဲများကြောင့် ပြည်တွင်းစစ်ဘေးရှောင် ၅ သန်းကျော်ရှိနေပြီး လယ်ယာမြေဧက သန်းချီ စိုက်ပျိုး နိုင်ခြင်း မရှိသည့်အပြင် လုပ်ငန်းအများစုရပ်နားနေချိန်တွင် စီးပွားရေးတိုးတက်လာနေဟုစစ်ခေါင်း ကပြောဆိုနေခြင်းသည် အချက်အလက်မပါဘဲ ရမ်းသန်းပြောဆိုကာ လိမ်ညာနေခြင်းဖြစ်သည်။ 

  • အာဏာမက်လွန်း၍ တိုင်းပြည်အာဏာလုယူက စစ်တပ်က ကာကွယ်ရေးလုပ်ရမည်ဟု နိုင်ငံ့ တာဝန် ထမ်းဆောင်နေရသည်ဟု ခပ်တည်တည် ပြောဆိုနေသည်မှာ ရှက်စရာပင်ဖြစ်သည်။ စစ်ခေါင်းဆောင်များ သာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာထဲက အာဏာမရူးဘဲ စစ်တန်းလျားပြန်ခဲ့ရန် အနည်းဆုံးတော့ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှမှာ ထိပ်တန်းနိုင်ငံစာရင်းဝင်နေမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly