တရုတ်နှင့် အမေရိကန်က ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းများ ရှာဖွေရမည်ဟု တရုတ်သမ္မတပြောကြား

တရုတ်နှင့် အမေရိကန်က ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းများ ရှာဖွေရမည်ဟု တရုတ်သမ္မတပြောကြား

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကာကွယ်ရန် တရုတ်နှင့် အမေရိကန်တို့သည် ပူးပေါင်းဆောင်ရွက် ရေး နည်းလမ်းများ ရှာဖွေရမည်ဟု သမ္မတရှီကျင့်ဖျင်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြလိုက် သည်။

ထိုင်ဝမ်နှင့် ပတ်သက်ပြီး တရုတ်၏ ပိုမိုရန်လိုလာခြင်းနှင့် ယူကရိန်းတွင် ရုရှား၏ စစ်ပွဲကို ရှုတ်ချရန် တရုတ်က ငြင်းဆိုမှုကြောင့် အမေရိကန်နှင့် တရုတ်ကြား လအတန်ကြာ ဆက်ဆံရေး တင်းမာပြီးနောက် တရုတ်ခေါင်း ဆောင်၏ ကျေအေးလိုသည့် စကားလုံးများ ထွက်ပေါ်လာခြင်းဖြစ်သည်။

အောက်တိုဘာ ၂၃ရက်က တရုတ်ခေါင်းဆောင်အဖြစ် တတိယသက်တမ်းကို ရယူခဲ့သည့် ရှီက ထိုင်ဝမ်တွင် “ပြည်ပက ဝင်ရောက်စွက်ဖက်နေသည်” ဟုဆိုကာ ပြစ်တင်ရှုတ်ချခဲ့ပြီး ထိုင်ဝမ်ကို တရုတ်နှင့် ပေါင်းစည်းရန် အင်အားသုံးပိုင်ခွင့်ကို မည်သည်အခါမှ စွန့်လွှတ်မည်မဟုတ်ကြောင်း ပြောကြားထားသည်။

"ဒီနေ့ ကမ္ဘာကြီးက ငြိမ်းချမ်းတည်ငြိမ်နေတာ မဟုတ်ပါဘူး" ဟု ရှီကျင့်ဖျင်က အမေရိကန်-တရုတ်ဆက်ဆံရေး ဆိုင်ရာ အမျိုးသားကော်မတီ၏ နှစ်ပတ်လည်အခမ်းအနားသို့ ဂုဏ်ပြုစာတစ်စောင်တွင် ရေးသားခဲ့သည်ဟု တရုတ်အစိုးရပိုင်ရုပ်သံ CCTV က အောက်တိုဘာ ၂၇ရက်တွင် ဖော်ပြခဲ့သည်။

အင်အားကြီးနိုင်ငံများအနေဖြင့် တရုတ်နှင့် အမေရိကန်ကြား ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ အား ကောင်းလာခြင်းက ကမ္ဘာကြီး၏ တည်ငြိမ်မှုနှင့် သေချာမှုတို့ကို တိုးမြင့်လာစေကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် အကူအညီပေးလိမ့်မည်ဖြစ်သည်” ဟု ရှီက နယူးယောက်အခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းထံပေးပို့သည့် သဝဏ်လွှာတွင် ရေးသားထားသည်။

အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူပေါင်းစည်းရန်… (နှင့်) ခေတ်သစ်တွင် အတူယှဉ်တွဲ နေထိုင်ရန် နည်းလမ်းများ ရှာဖွေရန် တရုတ်က ပူးပေါင်းလိုကြောင်း ရှီက ပြောကြားခဲ့သည်။

ယင်းသို့ လုပ်ဆောင်ခြင်းက နှစ်နိုင်ငံစလုံးအတွက်သာမက ကမ္ဘာ့အတွက်ပါ အကျိုးရှိစေမည်ဖြစ်ကြောင်း ရှီက ရေးသားခဲ့သည်။

အောက်တိုဘာ ၂၆ရက် အမေရိကန်ကာကွယ်ရေး အရာရှိများနှင့် တွေ့ဆုံစဉ် သမ္မတ ဘိုင်ဒင်က အမေရိကန်က တရုတ်နှင့် ပဋိပက္ခကို မဖြစ်ပွားလိုကြောင်း ပြောကြားခဲ့ပြီး ယင်းအချက်ကို သမ္မတ ရှီကျင့်ဖျင်က သဘောပေါက် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အေပီသတင်းဌာနက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required