နိုဝင်ဘာလ ၄ ရက်
စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်ရှိ ကျေးရွာ တစ်ခုတွင် ယနေ့ နိုဝင်ဘာ ၄ ရက်နေ့က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဒေသခံပြည်သူ ထောင်နှင့်ချီ၍ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
သပိတ်တွင်ပါဝင်သူများသည် “ ကယ်တင်ရှင် ဘယ်သောအခါမှမရှိ” ဘန်နာကိုင် ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ဆန္ဒပြပွဲတွင် ကိုလေဗွေ မှ တော်လှန်ရေး အကျိုးစီးပွားကို ရှေးရှုကြရန်နှင့် ပြည်သူလူထု အနေဖြင့် တတ်နိုင်သည့် ဘက်ကနေ၍ တော်လှန်ရေး တွင် ပါဝင်ကြဖို့အရေး နှိုးဆော် သပိတ်တရား ဟောပြောခဲ့သည်။
စာတည်း။ ။မောင်ကောင်း