ကနီမြို့နယ်ရှိ ကျေးရွာတွင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

ကနီမြို့နယ်ရှိ ကျေးရွာတွင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

နိုဝင်ဘာလ ၄ ရက်

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်ရှိ ကျေးရွာ တစ်ခုတွင် ယနေ့ နိုဝင်ဘာ ၄ ရက်နေ့က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဒေသခံပြည်သူ ထောင်နှင့်ချီ၍ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

သပိတ်တွင်ပါဝင်သူများသည် “ ကယ်တင်ရှင် ဘယ်သောအခါမှမရှိ” ဘန်နာကိုင် ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒပြပွဲတွင် ကိုလေဗွေ မှ တော်လှန်ရေး အကျိုးစီးပွားကို ရှေးရှုကြရန်နှင့် ပြည်သူလူထု အနေဖြင့် တတ်နိုင်သည့် ဘက်ကနေ၍ တော်လှန်ရေး တွင် ပါဝင်ကြဖို့အရေး နှိုးဆော် သပိတ်တရား ဟောပြောခဲ့သည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly