နိုဝင်ဘာလ ၄ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် Unity Force Monywa PDF အဖွဲ့မှ သိန်း၄၀၀ ကျော်တန်ဖိုးရှိ စနိုက်ပါဝယ်ယူရန် ရက် ၉၀ကမ်ပိန်းအား ဒီဇင်ဘာလ ၁ရက်နေ့မှာ စတင်ပြုလုပ်မယ်လို့ သိရသည်။
တိုက်ပွဲတိုင်းအတွက် စနိုက်ပါမှာ အလွန်အရေးပါပြီး စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားချိန်တွင် ပိုမိုထိရောက်မှုရှိနိုင်ရန်အတွက် ကမ်ပိန်းပြုလုပ်ခြင်းဖြစ်တယ်လို့သိရပြီး မဲလက်မှတ်တစ်စောင်လျှင် ကျပ် ၁၅,၀၀၀နှုန်းဖြင့်ရောင်းချသွားမယ်လို့ သိရသည်။
"ဝေဟင်ပါပစ်လို့ရတဲ့ သိန်းခြောက်ရာကျော်တန် ဝယ်မယ်၊ ကမ်ပိန်းမစခင်ကြားထဲအချိန်မှာလည်း pageကိုဆက်သွယ်ပြီး ကမ်ပိန်းအတွက် လှူရှင်တွေကိုလည်း လှူလို့ရတယ်ဆိုတဲ့ အကြောင်းလည်း ကြေညာမယ်"ဟု Unity Force Monywa PDF အဖွဲ့တာဝန်ရှိသူမှ ပြောသည်။
စနိုက်ပါကမ်ပိန်းအတွက် အလှူရှင်တစ်ဦးမှ Polo နာရီတစ်လုံးလှူဒါန်းထားပြီး ၎င်းကမ်းပိန်းအတွက် တော်လှန်ရေးအမှတ်တရပစ္စည်းများလည်း ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)