သိန်း ၄၀၀ကျော်တန်ဖိုးရှိ စနိုက်ပါဝယ်ယူရန် ရက် ၉၀ကမ်ပိန်းပြုလုပ်

သိန်း ၄၀၀ကျော်တန်ဖိုးရှိ စနိုက်ပါဝယ်ယူရန် ရက် ၉၀ကမ်ပိန်းပြုလုပ်

နိုဝင်ဘာလ ၄ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် Unity Force Monywa PDF အဖွဲ့မှ သိန်း၄၀၀ ကျော်တန်ဖိုးရှိ စနိုက်ပါဝယ်ယူရန် ရက် ၉၀ကမ်ပိန်းအား ဒီဇင်ဘာလ ၁ရက်နေ့မှာ စတင်ပြုလုပ်မယ်လို့ သိရသည်။

တိုက်ပွဲတိုင်းအတွက် စနိုက်ပါမှာ အလွန်အရေးပါပြီး စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားချိန်တွင် ပိုမိုထိရောက်မှုရှိနိုင်ရန်အတွက် ​ကမ်ပိန်းပြုလုပ်ခြင်းဖြစ်တယ်လို့သိရပြီး မဲလက်မှတ်တစ်စောင်လျှင် ကျပ် ၁၅,၀၀၀နှုန်းဖြင့်ရောင်းချသွားမယ်လို့ သိရသည်။

"ဝေဟင်ပါပစ်လို့ရတဲ့ သိန်းခြောက်ရာကျော်တန် ဝယ်မယ်၊ ကမ်ပိန်းမစခင်ကြားထဲအချိန်မှာလည်း pageကိုဆက်သွယ်ပြီး ကမ်ပိန်းအတွက် လှူရှင်တွေကိုလည်း လှူလို့ရတယ်ဆိုတဲ့ အကြောင်းလည်း ကြေညာမယ်"ဟု Unity Force Monywa PDF အဖွဲ့တာဝန်ရှိသူမှ ပြောသည်။

စနိုက်ပါကမ်ပိန်းအတွက် အလှူရှင်တစ်ဦးမှ Polo နာရီတစ်လုံးလှူဒါန်းထားပြီး ၎င်းကမ်းပိန်းအတွက် တော်လှန်ရေးအမှတ်တရပစ္စည်းများလည်း ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly