တရုတ်နယ်စပ်အနီးတွင် အိန္ဒိယနှင့် အမေရိကန်တို့ စစ်ရေးလေ့ကျင့်များ ပြုလုပ်မည်

တရုတ်နယ်စပ်အနီးတွင် အိန္ဒိယနှင့် အမေရိကန်တို့ စစ်ရေးလေ့ကျင့်များ ပြုလုပ်မည်

အိန္ဒိယနှင့် အမေရိကန်တို့က တရုတ်နယ်စပ် အက်ထရာခန်ပြည်နယ်ရှိ အူလီဒေသတွင် ယင်းတို့၏ ပုံမှန် ယူဒက်ပြ(Yudhabhyas )စစ်ရေးလေ့ကျင့်များကို နိုဝင်ဘာ ၁၅ ရက်တွင် စတင်ပြုလုပ်မည်ဖြစ်သည်။

လပေါင်းများစွာ ကြိုတင်စီစဉ်ထားသည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို အစောပိုင်းက အောက်တိုဘာလတွင် ကျင်းပရန် စီစဉ်ထားသော်လည်း နိုဝင်ဘာလမှသာ ကျင်းပတော့မည်ဖြစ်ကြောင်း စစ်တပ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုအတွင်း တပ်မတော်၂ ရပ်သည် တခြားစစ်ရေးလေ့ကျင့်မှုများအပြင် အကြမ်းဖက် နှိမ်နင်းရေး စစ်ဆင်ရေးများကို လေ့ကျင့်သွားမည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၂ နှစ်အတွင်း လက်နက်ခဲယမ်းမီးကျောက်များနှင့် တပ်ဖွဲ့ဝင်များ ထပ်မံနေရာချထားခဲ့သည့် တောင်ကုန်းထူထပ်သော မြေပြင်တွင် နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ အဆိုပါစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

အိန္ဒိယစစ်တပ်သည် ၂၀၂၀ပြည့်နှစ် မေလကတည်းက တရုတ်နှင့် ထိပ်တိုက်တွေ့နေပြီး၊ ထိုင်ဝမ်အရေးကြောင့် အမေရိကန်နှင့် တရုတ်အကြား ဆက်ဆံရေးတင်းမာခဲ့သည်။

ယင်း ၁၈ ကြိမ်မြောက် Yudhabhyas စစ်ရေးလေ့ကျင့်များက အမေရိကန်နှင့် အိန္ဒိယပူးပေါင်းဆောင်ရွက်မှုကို ပိုမို မြှင့်တင်ပေးမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly