ထိုင်ဝမ်၏ လက်ရှိအနေအထားကို တရုတ်က လက်ခံနိုင်ခြင်းမရှိတော့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ထိုင်ဝမ်၏ လက်ရှိအနေအထားကို တရုတ်က လက်ခံနိုင်ခြင်းမရှိတော့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ထိုင်ဝမ်၏ လက်ရှိအခြေအနေကို လက်ခံနိုင်ဖွယ်မရှိတော့ကြောင်း တရုတ်က ဆုံးဖြတ်ခဲ့ပြီး အင်အားသုံး၍ သိမ်း ပိုက်ခြင်းအပါအဝင် ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကို ဖိအားများပိုမိုပေးလာနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က အောက်တိုဘာ ၂၆ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နှင့် ထိုင်ဝမ်ကြား ကွဲလွဲမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည်ဟု ဆယ်စုနှစ်များကြာ အခြေခံနားလည် မှုကို တရုတ်က ပြောင်းလဲခဲ့ကြောင်း Bloomberg မှ စီစဉ်ကျင်းပသည့် ပွဲတစ်ခုတွင် ဘလင်ကင်က ပြောကြားခဲ့ သည်။

"ပြောင်းလဲသွားတာက ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်ချင်ပြီး လက်ရှိအနေအထားကို လက်မခံနိုင်တော့ဘူးဆိုတဲ့ တရုတ်အစိုးရရဲ့ ဆုံးဖြတ်ချက်ပါပဲ” ဟု ဘလင်ကင်က ပြောကြားခဲ့သည်။

တရုတ်က ထိုင်ဝမ်ကို ပိုမိုဖိအားပေးရန် ဆုံးဖြတ်ထားပြီး ဖိအားပေးသည့် နည်းဗျူဟာများ အလုပ်မဖြစ်ပါက ရည်မှန်းချက်များအောင်မြင်ရန် အင်အားသုံးနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

"ဒါက လုံးဝကို ပြောင်းလဲသွားပြီ"

အမေရိကန်က စစ်အေးတိုက်ပွဲကို မလိုလားသလို တရုတ်အား ထိန်းချုပ်ရန် မကြိုးစားသော်လည်း အမေရိ ကန်အကျိုးစီပွားများအတွက် ပြတ်ပြတ်သားသားရပ်တည်သွားမည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

ရက်စွဲအတိအကျမဖော်ပြသော်လည်း ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးကို တရုတ်က ပိုမိုမြန်ဆန်စွာ အချိန် ဇယားဖြင့် လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြောင်း အမေရိကန် ထိပ်တန်း သံတမန်က ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly