“စက်လတ်နဲ့ အပြတ်ဆော် စစ်ခွေး( စစ်ကောင်စီတပ်သား) တွေ မသာပေါ်” ကမ်ပိန်းတွင်ပါဝင်ကြရန် ကာကွယ်ရေးတပ်ဖွဲ့တောင်းဆို

“စက်လတ်နဲ့ အပြတ်ဆော် စစ်ခွေး( စစ်ကောင်စီတပ်သား) တွေ မသာပေါ်” ကမ်ပိန်းတွင်ပါဝင်ကြရန် ကာကွယ်ရေးတပ်ဖွဲ့တောင်းဆို

မဇ္စျိမ ။ ။ “စက်လတ်နဲ့ အပြတ်ဆော် စစ်ခွေး(စစ်ကောင်စီတပ်သား) တွေ မသာပေါ်” စက်လတ် (Machine Gun Campaign” ဝယ်ယူနိုင်ရေး ကံစမ်းမဲလက်မှတ် များ ဝယ်ယူပါဝင်ကြပါရန် မုံရွာခရိုင် အမှတ်(၅) တပ်ရင်း Aung San Force –(ASF) မှ မေတ္တာရပ်ခံထားသည်။

ကံစမ်းမဲလက်မှတ်တစ်စောင်လျှင် ကျပ်၁၅,၀၀၀ ခွဲဖြစ်ပြီး လက်မှတ်အစောင်ရေ ၅,၀၀၀ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

မဲလက်မှတ်များအား စတင်ရောင်းချနေပြီး ပထမဆုအဖြစ် I Phone 14 (128GB) ၊ ဒုတိယဆု Honda Wave (2019) ၊ တတိယဆု Redmi Note 10 (5G 6+128GB) ၊ နှစ်သိမ့်ဆု သုံးဆု CX Smart Watch KW 37 များ ချီးမြှင့်သွားမည်ဖြစ်သည်။

အဆိုပါ ကံထူးရှင်များကို ဇန်နဝါရီလ ၁ရက် ၂၀၂၃ တွင် တိုက်ရိုက်လွှင့်ထုတ်ပြီး ရွေးချယ်သွားမည်ဖြစ်ကြောင်းဆိုသည်။

မုံရွာခရိုင် အမှတ်(၅) တပ်ရင်း Aung San Force တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီနှင့် ရင်ဆိုင်တိုက်ပွဲများတွင် ပစ်ခတ်နိုင်သည့် အခြေအနေနည်းနေခြင်းကြောင့် စခန်းသိမ်းတိုက်ပွဲများတွင် လက်နက်များလိုအပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များကို ချေမှုန်းနိုင်ရေးအတွက် သာလွန် လက်နက် အင်အားများ လိုအပ်သည့် အတွက် ယခုကဲ့သို့ စက်လက် တစ်လက်ဝယ်ယူနိုင်ရေး အတွက် ကံစမ်းမဲများပြုလုပ်ရခြင်းဖြစ်ပြီး မိဘပြည်သူများအနေဖြင့် ပါဝင် ကူညီအားဖြည့်ပေးကြပါ ASF မေတ္တာရပ်ခံထားသည်။

ကံစမ်းမဲလက်မှတ်များကို စိတ်ချလုံခြုံသည့် ငွေပေးချေနိုင်သည့် နေရာများကိုထားရှိပေးထားပြီး ASF လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ဆက်သွယ်ပြီး ဝယ်ယူနိုင်ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required