နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၃ နိုဝင်ဘာ ၂၀၂၂)

နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၃ နိုဝင်ဘာ ၂၀၂၂)

အမျိုးသားညီညွတ်ရေးအစိုးရ

· ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) က ရရှိထားတဲ့ သက်သေအထောက်အထားများကို ထိရောက်ဆောလျင်စွာ အသုံးပြုပြီး အကြမ်း ဖက်စစ်တပ်ကို အရေးယူရန်အတွက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်သည်။

· အမျိုးသားညီညွတ်ရေးအစိုးရNUG ၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၇၇ ကြိမ် မြောက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် နောက် ဆက်တွဲ အစည်းအဝေး ၃၀ ခုကို တက်ရောက်ပြီး အကြမ်းဖက် မင်းအောင်လှိုင် ခေါင်း ဆောင်သော အကြမ်းဖက်စစ်ကောင်စီကို အရေးယူရန် နိုင်ငံ တကာနှင့် ကုလသမဂ္ဂကို တိုက်တွန်းလျက်ရှိသည်။

· အမျိုးသားညီညွတ်ရေးအစိုး၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း က မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေကြား တွေ့ဆုံပွဲကို နိုဝင်ဘာ ၂ ရက် မနက် ၁၀ နာရီအချိန်မှာပြုလုပ်ခဲ့ ကြပါတယ်။

· တောင်ပိုင်းစစ်ဒေသအတွင်းက တော်လှန်ရေးနယ်မြေတစ်ခုမှာ ၆ လကြာ သင်ကြားလေ့ကျင့်ပေးခဲ့သည့် ကွန်မန်ဒိုသင်တန်းဆင်းပွဲ အခမ်းအနားကို တောင်ပိုင်းစစ်ဒေသတာဝန်ခံလည်းဖြစ် ပြည်ထဲရေးနှင့် လူဝင်မှု ကြီး ကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လည်းဖြစ်သူ ဦးလွင်ကိုလတ် တက်ရောက်ဖွင့် လှစ်ပေး ခဲ့ကြောင်း သတင်းထုတ် ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့၏ ထောက်ခံမှုသည် မြန်မာစစ်တပ်၏ အုပ်ချုပ်မှုကို အသက်ဆက်နေအောင် အထောက်အကူပြုနေကြောင်း နိုင်ငံတကာလွှတ်တော်အမတ်များ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

· ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ ရောဗက် စစ်ရှောင်စခန်းမှ လူငယ် ၈ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

· ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ရှိ စပါးကြီးရွာသား ပြည်သူ ၃ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

· မိတ္ထီလာမြို့နယ် ကက္ကိုကုန်းရွာကို အကြမ်းဖက် စစ်တပ်က နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီခန့်၌ ဝင်ရောက် စီးနင်းပြီး ဒေသခံ ပြည်သူ ၇ ဦးဖြစ်သည့် ကိုလွင်၊ ကိုစိုးလွင်လွင်၊ ကိုအောင်ဇေယျ၊ ကိုအောင်ထူး၊ ကိုနေဇော်အောင်နှင့် ကိုမောင်ခိုင်တို့ကို အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးပေါ်တာသွားကြောင်း သိရသည်။

· မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ခရစ်ယာန်မိဘမဲ့ကလေးများကျောင်းကို စစ်ကောင်စီက ရုတ်တရတ်ချိပ်ပိတ်လိုက်သဖြင့် ကျောင်းမှကလေးများ ဒုက္ခရောက်နေကြရကြောင်း ဒေသခံများထံမှသိရသည်။

· စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာ ပျူစောထီးစခန်းတွင် မိုင်းမိသေဆုံးသော ပျူစောထီး ခေါင်းဆောင်သား အသုဘ ယနေ့ ချနေစဉ် PDF တပ်များက ဒရုန်းဖြင့် ဗုံးကျဲချရာ ပျူစောထီး ၁၅ ဦးသေဆုံးပြီး ၂၀ ဦး ပြင်းထန်ဒဏ်ရာရကြောင်းသိရသည်။

· စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဒေသခံပြည်သူတစ်ဦး ကိုမြတ်သူအောင်ကို ၁၅ မိနစ်အတွင်း အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ကိုမြတ်သူအောင်၏ မိတ်ဆွေများက ပြောသည်။

· အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် နိုဝင်ဘာ ၃ ရက် ယနေ့တွင် ၆၀၂ ရက်မြောက် အဖြစ် ချီတက် ဆန္ဒပြကြသည်။

· စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် တော် လှန်ပြည်သူ များမှ ဦးဆောင်ပြီး နယ်မြေ မငြိမ်မသက်ဖြစ်နေသည့် ကြားမှ နိုဝင်ဘာလ ၃ ရက် ယနေ့တွင် တော်လှန် တန်ဆောင်တိုင် စစ်အာဏာ ရှင်ဆန့်ကျင်ရေး သပိတ်ကို ကျင်းပပြုလုပ်သည်။

· စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဂရိတ်ရွာကို နိုဝင်ဘာလ ၁ ရက် နံနက်ပိုင်း အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ ဖျက်ဆီးရာ နေအိမ် ၅၅လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

· ရန်ကုန်မြို့ တစ်နေရာတွင်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဝင် မြို့နယ်သမဂ္ဂများ ၊အခြေခံ ပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တို့မှ "တော်လှန်ရေးသမားကိုသာ သတ်လို့ရမယ် တော်လှန်ရေးကိုသတ်လို့မရ" စာသားပါ ဘန်နာအားကိုင်စွဲ၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် စနစ် လှုပ်ရှားမှုတစ်ရပ်ကို ယနေ့ နိုဝင်ဘာ ၃ရက်နေ့၌ ပြုလုပ်ခဲ့သည်။

· မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရားတွင် ဘုရားဖူးများဖြင့် ပြန်လည်စည်ကားစေရန်အတွက် စစ်ကောင်စီက နိုဝင်ဘာလ ၃ ရက်နေ့နှင့် နိုဝင်ဘာလ ၄ ရက်နေ့တို့တွင် တည်းခိုခန်းအားလုံးအခမဲ့နှင့် ယာဉ် စီးခ အားလုံး အခမဲ့ စီစဉ်ထားခဲ့သော်လည်း ယနေ့တွင် ဘုရားဖူးသူ အလွန်နည်းပါးကြောင်း ကျိုက် ထီးရိုး ဘုရားရှိ ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

· စစ်အုပ်စုပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)လက်အောက်က အင်းဝဘဏ်နှင့် နိုင်ငံတကာဘဏ် ၃ ခုဖြစ်သည့် ANZ ၊ UOB နဲ့ BIDV ဘဏ်တို့အကြား မြန်မာကျပ်ငွေဖြင့် ငွေလွှဲပေးပို့မှုများရှိနေကြောင်း Distributed Denial of Secrets (DDoS) က ထုတ်ပြန်လိုက်သည့် အင်းဝဘဏ်မှတ်တမ်းဖိုင်တွေအရ သိရှိရသည်။

· မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ ပါးမျဉ်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး အပါအဝင် ခြောက်ဦးသေဆုံးသွားကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့၊ ထီးလင်း− YDF ထိပ်တန်း တာဝန်ရှိ သူက မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ချင်းပြည်နယ်၊ ဖလမ်းမြို့၊ မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် CDF Civic Defense Militia ( CDF CDM -Siyin) ထံသို့ အလင်းဝင်လာကြောင်း ယင်းအဖွဲ့က ယနေ့ နိုင်ဝင်ဘာလ ၃ရက်နေ့တွင် သတင်းထုတ် ပြန်သည်။

· ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေဖြစ်သည့် ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ထီးတိုလိုကျေးရွာ အတွင်းကို အကြမ်း ဖက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း KNU ဗဟိုက သတင်း ထုတ်ပြန်ထားသည်။

-စစ်ကောင်စီ

· မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် တန်ဆောင်တိုင် အထူးအစီအစဉ် အနေဖြင့် ယနေ့ နိုဝင်ဘာ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တို့တွင် တောင်တက် ကားခအတက်၊အဆင်း(အခမဲ့ စီးခွင့်)၊ဟိုတယ် တည်းခိုခန်းများတွင် (အခမဲ့ တည်းခိုခွင့်) များစီစဉ်ပေးထားပြီး ဘုရားဖူးပြန်စည်ကားအောင် စစ်ကောင်စီပြုလုပ်နေကြောင်းသိရသည်။

· နိုဝင်ဘာလအတွင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေကြောင်းသင်္ဘောလိုင်း ၁၆ လိုင်းမှ ကုန်သေတ္တာတင် သင်္ဘောကြီး ၅၁ စီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကို ဝင်ရောက်ဆိုက်ကပ် ကုန်သွယ်နိုင်ရန် ဆောင်ရွက်နေကြောင်း စစ်ကောင်စီ ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်သည်။

· တရုတ်က မြန်မာစစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနက ဝန်ထမ်းများကို ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေး သင်တန်းပေးနေကြောင်း သိရသည်။

· ရုရှား ဖက်ဒရယ်ငွေကြေးစောင့်ကြည့်ရေးအဖွဲ့ (Rosfinmonitoring)သည် မြန်မာကို ကမ္ဘာ့ဘဏ္ဍာရေး စောင့်ကြည့်အဖွဲ့ (FATF) က နာမည်ပျက်စာရင်း သွင်းလိုက်သည့်အတိုင်း သတ်မှတ်ဖို့ရှိနေကြောင်း ရုရှားနိုင်ငံပိုင် အင်တာဖက်စ်သတင်းဌာနက သတင်းဖော်ပြထားသည်။

· ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဓမ္မသုခလမ်းမှာရှိသည့် ဝေဘာဂီဆေးရုံကြီးအတွင်းတွင် ကုတင် ၁၁၀ ဆံ့ ဆေးရုံသစ်ကြီးကို နိုဝင်ဘာ ၃ ရက် က ဖွင့်လှစ်လိုက်ပြီး အောင်လင်းဒွေးနှင့် ဒေါက်တာ သက်ခိုင်ဝင်းကတက်ရောက် အမှာစကားပြောသည်။

နိုဝင်ဘာ ၃ ရက် သုံးသပ်ချက်

· စစ်ကောင်စီFATF အရေးယူမှုကို အရေးမကြီးသလိုထုတ်ပြန်နေသော်လည်း စစ်ကောင်စီ အားကိုနေသည့် ရုရှားကိုယ်တိုင် နာမည်ပျက်ရှိနေသည့် မြန်မာကို FATF အတိုင်း နာမည်ပျက်စာရင်းသွင်းရန် သတ်မှတ်ရန်ရှိနေကြောင်း ရုရှားမီဒီယာများကဖော်ကြသည်။ယင်းကြောင့် စစ်ကောင်စီအနေဖြင့် ပိုကျပ်တည်းလာနိုင်ဖွယ်ရှိနေသည်။

· စစ်ကောင်စီမှ တန်ဆောင်တိုင်ပွဲများနေရာအနှံ့ပြုလုပ်ရန် စီစဉ်ထားသည် ယင်းပွဲများတွင် တစ်စုံတစ်ရာ ဖြစ်ပါက PDF NLD ဟု လွဲချထုတ်ပြန်မည်ဖြစ်သည်။ပြီးခဲ့သည့် ကျိုက်ထီးရိုးဖြစ်စဉ်တုန်း ကလည်း ထောင်ကျနေသူများနှင့် ကွယ်လွန်သွားပြီးသူများကိုတောင် မစိစစ်နိုင်ဘဲ အပြစ်ပုံချချင်လွန်းအားကြီး ကြေညာချက်ထုတ်ပြန်ရာတွင် ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly