တရုတ်သမ္မတ စိတ်ပျက်လက်ပျက် ဖြစ်နေကြောင်း ထိုင်ဝမ်ရေးရာ ကျွမ်းကျင်သူများ သတိပေးပြောကြား

By Taipei Times
30 October 2022
တရုတ်သမ္မတ စိတ်ပျက်လက်ပျက် ဖြစ်နေကြောင်း ထိုင်ဝမ်ရေးရာ ကျွမ်းကျင်သူများ သတိပေးပြောကြား

ထိုင်ဝမ်အနေဖြင့် ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပြီး တရုတ်အပေါ် စီးပွားရေးအရ အားထားနေရမှုကို လျှော့ချသင့်ကြောင်း ပြည်ပဆက်ဆံရေးကောင်စီ ဥက္ကဋ္ဌရစ်ချက်ဟာရက်က ပြည်မရေးရာကောင်စီ (MAC) နှင့် တိုင်ပေရှိ အဆင့်မြင့် မူဝါဒလေ့လာရေးဆိုင်ရာ တရုတ်ကောင်စီတို့က ပူးတွဲကျင်းပသည့် တရုတ်၏ အုပ်ချုပ်မှု ဆိုင်ရာ လေ့လာသုံးသပ်ရေးဖိုရမ်သို့ ပြောကြားလိုက်သည်။

တရုတ်သမ္မတရှီကျင့်ဖြင့်အနေဖြင့် သူ၏ တတိယအကြိမ် သမ္မတသက်တမ်းတွင် ပိုမိုကြုံတွေ့လာရသည့် စီးပွားရေးနှင့် နိုင်ငံရေးစိန်ခေါ်မှုများကြောင့် ဖြစ်ပေါ်သည့် အဆင်မပြေမှုများကို လမ်းကြောင်းလွှဲရန် ထိုင်ဝမ်အပေါ် ပိုမိုရန်လိုတင်းမာလာနိုင်ကြောင်းလည်း ဟာရက်နှင့် အမေရိကန်အခြေစိုက် ကျွမ်းကျင်သူများက ပြောကြားသည်။

စီးပွားရေး တိုးတက်မှု ပုံမှန်ရှိနေကြောင်း တရုတ်အစိုးရက ပြောကြားနေသော်လည်း ဘဏ္ဍာရေးအကြပ်အတည်း၊ သက်ကြီးရွယ်အိုအရေအတွက် များပြားလာခြင်းနှင့် သမ္မတရှီ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ၏ ဆိုးကျိုးများကြောင့် နိုင်ငံ၏ စီးပွားရေး အလားလာသည် မှေးမှိန်လျက်ရှိသည်။

ရှီကျင့်ဖျင်အနေဖြင့် အမျိုးသားရေးဝါဒကို ရှေ့တန်းတင်ခြင်းဖြင့် ခေါင်းဆောင်ဟောင်း မော်စီတုန်းကဲ့သို့ နိုင်ငံရေးဩဇာများ ရရှိရန်နှင့် နိုင်ငံသမိုင်းတွင် တစ်နေရာရနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

တရုတ်အစိုးရအနေဖြင့် ထိုင်ဝမ်အား ဖိအားပေးနေရခြင်းမှာ ထိုင်ဝမ်အစိုးရ၏ လုပ်ရပ်များကြောင့် မဟုတ်ဘဲ ထိုင်ဝမ်၏ ဒီမိုကရေစီစနစ်သည် တရုတ်အစိုးရ၏ နိုင်ငံရေးစနစ်နှင့် ဆန့်ကျင်ဖက် ဖြစ်သောခြင်းကြောင့် ဖြစ်သည်။ ထို့အတူ ရုရှားက ယူကရိန်းကို တိုက်ခိုက်နေခြင်းမှာလည်း ဒီမိုကရေစီစနစ်ကြောင့်ပင် ဖြစ်သည်ဟု ဟာရက်က ပြောကြားသည်။

ပူတင်က ယူကရိန်းကို ဆောင်ရွက်သကဲ့သို့ ရှီကလည်း ထိုင်ဝမ်ကို လုပ်ဆောင်လာနိုင်သဖြင့် ထိုင်ဝမ်အစိုးရအနေဖြင့် စစ်အင်အား အပြောင်းအလဲများ လုပ်ဆောင်သင့်သလို ဒုံးကျည်ပိုင်ဆိုင်မှုကဲ့သို့ ညီမျှမနေသည့် ကာကွယ်ရေးအင်အားတွင်လည်း ရင်းနှီးမြှုပ်နှံမှု များစွာ လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required