နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၂ နိုဝင်ဘာ ၂၀၂၂) 

နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၂ နိုဝင်ဘာ ၂၀၂၂) 

နိုဝင်ဘာလ ၂ ရက်
 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးရည်မွန်နှင့် လူထုတော် လှန်ရေးမဟာမိတ်အင် အားစု (PRA Magway)  တာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေး မှုတွေပြုလုပ်ခဲ့ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင် ဘာ ၁ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ 

  • ကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေး အတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိရာ သတင်းအချက်အလက်များအရ (၁.၁၁.၂၀၂၂) ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် - ၆၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ - ၆၃ ဦး အထိ ခုခံတိုက်ခိုက်နိုင်ခဲ့သည်။  

  • စစ်ကိုင်းတိုင်းအတွင်းရှိ ကသာမြို့နှင့် ဒီပဲယင်း မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့များကို ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန မှ အောက်တိုဘာလ ၃၁ရက်နေ့တွင် ထုတ်ပြန် သည်။ 

  • စစ်တပ်အာဏာသိမ်းမှု ဖြစ်ထားသည့် မြန်မာနိုင်ငံတွင် သံရုံး ပြန်လည်ဖွင့်လှစ်ရန် နယူးဇီလန်က စီစဉ်နေပြီး တစ်ချိန်တည်းမှာပင် နယူးဇီလန်အစိုးရသည် မြန်မာအမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) နှင့်လည်း ဆက်ဆံ ဆွေးနွေးမှုများ ရှိသည်။ 
     

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မန္တလေး၊ နွားထိုးကြီး ရဲစခန်း ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရပြီး ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း Natogyi PDF အဖွဲ့ထံမှ သိရသည်။ 

  • မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံးကြောင်း သိရသည်။ 

  • မကွေးတိုင်းအတွင်း ဗကသ ကျောင်းသားထုများ အစည်းအဝေးများ ကျင်းပပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • မကွေးတိုင်း၊ မြိုင်နှင့်ပေါက် မြို့နယ်အစပ်တွင် PDF ရဲဘော် ၅ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် မှတ်တမ်းအား Anonymous Special Task Force-Pauk အဖွဲ့က ထုတ်ပြန်ခဲ့သည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး ကားလမ်းတွင် နိုဝင်ဘာလ ၂ ရက် ယနေ့ နံနက်၌ မိုင်းရှင်းလင်းရန်လာသော စစ်ကောင်စီ၏ ကားတစ်စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးနိုင် ကြောင်း သတင်းရရှိသည်။ 

  • ကနီမြို့နယ် လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျေးရွာ ၄ ရွာမှ ပြည်သူများ ပူးပေါင်းပါဝင်ကာ အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်းရှိ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်သည် နိုဝင်ဘာလ ၂ ရက် ယနေ့နံနက်၌ ၆၀၁ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒ ပြကြသည်။ 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေးခရိုင် နည်းပညာနှင့်ဒရုန်းတပ်ရင်း PDF KALAY T&D က ပွင့်လင်းရာသီတွင် တကျော့ပြန် ဖြစ်လာမည့်တိုက်ပွဲများတွင် အသုံးပြုမည့် ဒရုန်းအကြီးတစ်စီးစာ သိန်း ၅၀၀ ပရောဂျက် စတင်ကြောင်း အဖွဲ့ထံမှ သိရသည်။ 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဖားကန့်မှော်လှည့်သပိတ်အဖွဲ့က မင်းအောင်လှိုင်နှင့်အကြမ်း ဖက်စစ် ခေါင်းဆောင်များ၊ အာဏာရှင်စနစ် ချေမှုန်းရေး ၊ အနန့်ပါမှ ကျဆုံးပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ယနေ့ ချီတက် ဆန္ဒပြကြသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စုရှိ ဘုရားမဲ အကြမ်းဖက်စစ်ကောင်စီ ဂိတ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက အောက်တိုဘာလ ၃၁ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက် ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးထက်မနည်း သေဆုံးကြောင်း သတင်းရရှိသည်။ 

  • တနင်္သာရီတိုင်း မြိတ်မြို့နယ် မြိတ်-တနင်္သာရီလမ်းပိုင်း တုံးဗျောကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်က စစ်ကောင်စီဂိတ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် PDF တပ်ဖွဲ့ဝင်များထံမှ သိရ သည်။ 

  • ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်အတွင်းရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ဗုံးဖောက်ခွဲခဲ့ကြောင်း သိရသည်။ 

  • ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း ထောင်၀င်စာပေးပို့မှုများကို ရက်အကန့်အသတ်မရှိ ပိတ်ထားရာမှ ပြန်လည်ခွင့်ပြုခဲ့ရာ ယနေ့ နို၀င်ဘာ ၂ ရက် နံနက်ပိုင်းတွင် ထောင်၀င် စာ လာရောက်ပို့ဆောင်သူ အလွန်များပြားပြီး ကျပ် ၅,၀၀၀ဖြင့် နေရာရောင်းချမှုများပင် ရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများကို ကူညီပေးနေသူ သတင်းအရင်းအမြစ်တစ်ဦးက မဇ္စျိမကိုပြောသည်။ 

  • ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို လွန်ခဲ့သည့်ရက်ပိုင်းက ဗုံးပစ် တိုက် ခိုက်ခံရသဖြင့် ၎င်းနေအိမ်ရှိရာ လမ်းအား စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် ဧည့်စာရင်း စစ်ဆေးခဲ့ကြောင်း ဒေသခံများထံက တစ်ဆင့်သိရသည် 

  • မြန်မာနိုင်ငံတစ်ဝန်းရှိ မီးရထား CDM ဝန်ထမ်း စာရင်းပြုစုနေသည့် ကိုအောင်ကျော်ကျော်ဆိုသူသည် နိုဝင်ဘာလ ၁ ရက်နေ့က စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရကြောင်း သိရသည်။ 
     

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ရက္ခိုင့်တပ်တော်(AA)နှင့် အကြမ်းဖက်စစ်တပ်တို့အကြား အောက်တိုဘာလနောက်ဆုံး ပတ်အတွင်း တိုက်ပွဲ များ ဆက်တိုက် ဖြစ် ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်က ၂၄ ဦးထက်မနည်းသေကာ ၂၆ ဦးထက် မနည်းဒဏ်ရာ ရခဲသလို လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့က ထုတ်ပြန် သည်။ 

  • အောက်တိုဘာလ တစ်လအတွင်းမှာ ကရင်နီပြည်အတွင်း တိုက်ပွဲပေါင်း ၃၂ ကြိမ်ဖြစ်ပွားကာ အကြမ်းဖက် စစ်တပ်က ၂၈ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့ပြီး အကြမ်းဖက်စစ်တပ်၏ တပ်မ ၆၆ မှ တပ်သား ၁ ဦး CDM ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

  • ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် စစ်ကောင်စီ ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ပလက်ဝမြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA ဖက်က ပြောသည်။ 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးတွင် အကြမ်းဖက်စစ်တပ်၊ BGF ပူးပေါင်းတပ်နှင့် Lion Battalion ပူးပေါင်းတပ်ဖွဲ့များကြား နိုဝင်ဘာလ ၁ ရက်နေ့ ယမန်နေ့၌ အနီးကပ်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂၄ ဦးခန့် သေဆုံးကာ Lion Battalion ပူးပေါင်းအဖွဲ့ဘက်မှ ၁ ဦး ကျဆုံးကြောင်း သတင်းရရှိသည်။ 

 

စစ်ကောင်စီ 

  • ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ အသွားအလာခက်ခဲသည့် ဒေသစရိတ်ခံစားခွင့်ရှိသော နေရာများမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများကို ဆေးတက္ကသိုလ်ဝင်ခွင့်ခေါ်ယူနေကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနကနေသိရသည်။ 

  • တိုင်းပြည်စီးပွားရေးမတိုး၍ ဝန်ထမ်းများ လစာတိုးပေး၍မရကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ပြောသည်။ 

  • ရေကိုအဟောသိကံ သုံးစွဲခြင်းများမပြုလုပ်ဘဲ ရေကိုချွေတာသုံးစွဲကြရန် လိုကြောင်း လာမည့်နွေရာသီ၌ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးစသည့် မြေလတ်ဒေသများတွင် ရေရှားပါးမှုများဖြစ်ပေါ်နိုင်ကြောင်း မင်းအောင်လှိုင်ကပြောသည်။  

  • ငွေချမ်းသာ စိတ်ချမ်းသာပြီး တရားဥပဒေစိုးမိုးမှ တိုင်းပြည်သာယာဝပြောမှာ ဖြစ်ပြီး လုံခြုံမှု မရှိရင် အထုပ် ပိုက်ပြီးတော့ ကင်းစောင့် အိပ်နေရမည်ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြော သည်။ 

  • နိုဝင်ဘာ (၁) ရက်မှ စတင်ကာ ပို့ကုန်ဝင်ငွေပြနိုင်မှ သွင်း ကုန် တင်သွင်းခွင့် ပြုမည့်အစီအစဉ်စတင် မည်ဖြစ်ကြော င်း ကုန်သွယ်ရေး ဦးစီးဌာနက သိရသည်။ 
     

နိုဝင်ဘာ ၂ ရက် သုံးသပ်ချက် 

  • နိုင်ငံအာဏာကိုလုယူထားသည့် စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်မှ ၎င်းတို့၏ စည်းစိမ်း ချမ်းသာများ လုယူခံရမည်ကို စိုးရိမ်ကြောင်း ဖွင့်ဟ ပြောဆိုလာသည်။မင်းအောင်လှိုင် အာဏာလုပြီး နောက် တိုင်းပြည်တွင်း နိုင်ငံရေးလုပ်သူများကိုသာဖမ်းဆီးပြီး ခိုးဆိုးလုယက်သူများ လူမိုက်များကို မွေးကာအသုံးချခြင်ကြောင့် ဒုစရိုက်လုပ်ငန်းများ လုယက်မှုများပေါ်များလာသည်။ 

  • ယခုရက်ပိုင်းအေအေနှင့် KIA နယ်မြေတွင် စစ်ကောင်တပ်များ စစ်ကြောင်းအလိုက်သေဆုံးမှု ဖြစ်နေ သည့်အထိ တိုက်တိုင်းရှုံး လေယာဉ်မပါလျှင် စစ်မတိုက်တတ်သည့် အနေအထားမျိုး ရောက်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly