စစ်ကောင်စီ တပ်၏ ပစ်ခတ်မှုကြောင့် PDF ရဲဘော် ကျဆုံး

စစ်ကောင်စီ တပ်၏ ပစ်ခတ်မှုကြောင့် PDF ရဲဘော် ကျဆုံး

နိုဝင်ဘာလ ၂ ရက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦး-မြင်းမူလမ်းပိုင်းတွင် Amarapura People Defense Forceမှ တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးသည် နိုဝင်ဘာ ၁ရက် ညနေပိုင်းကစစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့ကြောင်းသိရသည်။

၎င်းကျဆုံးသွားမှုနှင့်ပတ်သက်၍ Amarapura People Defense Force အဖွဲ့က ယနေ့ နိုဝင်ဘာလ ၂ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ကျဆုံးသွားသည့် ရဲဘော် တိုးကြီး(ခ)တိုးမိုးအောင်သည် "အာဏာသိမ်း စစ်ကောင်စီအား ဆန့်ကျင်ရာတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့စဉ်မှ စတင်ကာ လက်ရှိလက်နက်ကိုင် တော်လှန်ရေးအထိ မိမအသက်ကို ပဓာန မထားဘဲ အသက်စွန့်ပြီး စိတ်အားထက်သန်စွာ ပါဝင်ခဲ့သူဖြစ်ပြီး တိုက်ပွဲတိုင်းတွင်လည်း ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်ကြောင်း

Amarapura People Defense Forceအဖွဲ့ က ဆိုသည်။

"ရဲဘော် တိုးကြီး (ခ) တိုးမိုးအောင်အား အလေးနီပြုပါကြောင်းနှင့်တော်လှန်ရေးအတွက် စတေးခဲ့ရသော ပြည်သူ့ရဲဘော်များ၏ အသက်ကို တန်ဖိုးထားသော အားဖြင့် တော်လှန်ရေးကို အပြီးတိုင် လျှောက်လှမ်းသွားမည်ဟုလည်း Amarapura People Defense Force အဖွဲ့က ကတိသစ္စာပြုကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်ကိုင်းတိုင်းအတွင်း အထိနာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မန္တလေး-စစ်ကိုင်း-မုံရွာ လမ်းတစ်လျှောက်သွားလာနေသည့် ခရီးသွားပြည်သူများကိုလည်း ဖမ်းဆီး ငွေညှစ် သတ်ဖြတ်ခြင်းများလည်း ပြုလုပ်နေကြောင်းသိရသည်။

၎င်းလမ်းပိုင်းပေါ်မှာပင် သွားလာနေသည့် စစ် ကောင်စီယာဥ် နှင့်မိုင်းရှင်းလင်းသည့်အဖွဲ့များလည်း ပြည့်သူ့ကာကွယ်ရေးတပ်များ၏ တိုက်ခိုက်ခြင်းကို နေ့စဉ် ကြုံနေရကြောင်းသိရသည်။

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly