Sir Ronald Wilson Human Rights Award (2022)ဆု CRPH/NUG Support Group (Australia) ချီးမြှင့်ခံရ

Sir Ronald Wilson Human Rights Award (2022)ဆု CRPH/NUG Support Group (Australia) ချီးမြှင့်ခံရ

နိုဝင်ဘာလ ၂ ရက်

သြစတြေးလျားနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် ယနေ့နိုဝင်ဘာလ ၂ ရက် နေ့၌ ကျင်းပပြုလုပ်သည့် The Australian Council for International Development (ACFID)၏ နှစ်ပတ်လည် ညီလာခံနှင့် ဆုပေးပွဲအခမ်းအနားတွင် ပေးအပ်ချီးမြှင့်သော Sir Ronald Wilson Human Rights Award ဆုကို CRPH/NUG Support Group (Australia) ကချီးမြှင့်ခံရခြင်းဖြစ်သည်။

လူအခွင့်အရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး‌ သြစတြေးလျားကောင်စီက နှစ်စဥ် ဤဆုကို ချီးမြှင့်ခြင်းဖြစ်သည်။

သြစတြေးလျား လူ့အခွင့်အရေးကော်မရှင်၏ ဥက္ကဌဟောင်း ပါမောက္ခ Gillian Triggs (၂၀၁၆)၊ The Referendum Council (၂၀၁၇)၊ Behrouz Boochani (၂၀၁၈)၊ အင်ဒိုနီးရှားနိုင်ငံမှ ‌လူ့အခွင့်အရေးကာကွယ်သူ ရှေ့နေ Veronica Koman (၂၀၁၉)နှင့် မြန်မာအမျိုးသမီးအဖွဲ့ချုပ် (The Women’s League of Burma) (၂၀၂၁) တို့ကို ပြီးခဲ့သည့် နှစ်များက ဤဆုကို ချီးမြှင့်ခဲ့သည်။

CRPH/NUG Support Group (Australia) ကို သြစတြေးလျားနိုင်ငံတွင် သြစတြေလျားနိုင်ငံရှိ ပြည်နယ်များမှ မြန်မာလူမျိုးစု အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလကိုယ်စားလှယ်များနှင့် ၂၀၂၁ ခုနှစ်မေလတွင် စတင်ဖွဲ့စည်းခဲ့သည်။

မဲလ်ဘုန်းမြို့တွင် ကျင်းပပြုလုပ်သော ACFID ၏ ဆုပေးပွဲအခမ်းအနား ကို CRPH/NUG Support Group (Australia)၏ ကိုယ်စားလှယ်များက တက်ရောက်ပြီး ဤဆုကို လက်ခံရယူခဲ့ပါသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly