တိဗက်လူမျိုးများ အခြေခံလူ့အခွင့်အရေးများကို ငြင်းဆိုခံနေရပြီး မိခင်နိုင်ငံတွင် ဒုတိယတန်းစားနိုင်ငံသားများ ကဲ့သို့ ဆက်ဆံခံနေရ

တိဗက်လူမျိုးများ အခြေခံလူ့အခွင့်အရေးများကို ငြင်းဆိုခံနေရပြီး မိခင်နိုင်ငံတွင် ဒုတိယတန်းစားနိုင်ငံသားများ ကဲ့သို့ ဆက်ဆံခံနေရ

တရုတ်အစိုးရက တိဗက်တွင်နှစ်ပေါင်းများစွာအခြေခံလူ့အခွင့်အရေးများကိုချိုးဖောက်ခြင်းနှင့် တိဗက်လူမျိုးများ အပေါ် အမြတ်ထုတ်ခံရမှုများ ပိုမိုဆိုးရွားလာနေပြီး ၎င်းတို့၏ အလုပ်အကိုင်နှင့် အိမ်ရာကိစ္စများတွင် ခွဲခြားဆက်ဆံ ခံနေရသဖြင့် ဒေသခံများမှာ ကိုယ့်မြေတွင်ဒုတိယတန်းစားနိုင်ငံသားများကဲ့သို့ ဆက်ဆံခံနေရသည်။

တိဗက်လူမျိုးများသည်အခြေခံကျွမ်းကျင်မှုမလိုသည့်အလုပ်များကိုပင်ကမ်းလှမ်းခြင်းမခံရဘဲအချို့သောအခြေအနေများတွင်ဟန်လူမျိုးများထက်သိသိသာသာနည်းပါးသည့် လစာကိုသာရရှိကြောင်း နိုင်ငံတကာ တိဗက် လှုပ်ရှားမှုအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်များကဲ့သို့မဟုတ်ဘဲ တိဗက်လူမျိုးများသည် နိုင်ငံကူးလက်မှတ်နှင့် နိုင်ငံခြားသို့ ခရီးထွက်ခွာခွင့်ကို ငြင်းပယ်ခံနေရကြောင်း တိဗက်အခွင့်အရေးစုပေါင်းအဖွဲ့ကဆိုသည်။

ထို့ပြင်တိဗက်လူမျိုးများသည်လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကိုငြင်းပယ်ခံနေရပြီး၁၉၅၁ခုနှစ်နှင့်၁၉၆၀ပြည့် နှစ်များအတွင်းဘုန်းကြီးကျောင်းပေါင်း၆၀ဝဝကျော်ဖျက်ဆီးခံခဲ့ရသောကြောင့်ဖိနှိပ်သောမူဝါဒများသည်တိဗက် တွင် ဆက်လက်တည်ရှိနေခဲ့သည်။

တရုတ်အစိုးရသည်အမျိုးသမီးများကိုကျန်းမာရေးစစ်ဆေးရန်ခေါ်ဆောင်သွားပြီး မတော်မတရားပြုခြင်းနှင့် သင့်လျော်သည့်သန့်ရှင်းမှုမရှိဘဲခွဲစိတ်မှုပြုလုပ်ကာမရေမတွက်နိုင်သောတိဗက်အမျိုးသမီးများသည်သဘောဆန္ဒမပါဘဲ သားကြောဖြတ်ခံခဲ့ရကြောင်း သတင်းများတွင် တွေ့ရှိရသည်။

လျှိုဟုအမည်ရသည့်တရုတ်အမျိုးသမီးတစ်ဦးသည်WeChatတွင်လူမျိုးရေးခွဲခြားသည့် ဗီဒီယိုတစ်ခုတင်ခဲ့ရာတွင် လာဆာမှ တိဗက်လူမျိုးများကို သုတ်သင်ရှင်းလင်းပြီး တရုတ်လူမျိုးများက သိမ်းပိုက်ရန် အောက်တိုဘာလ၈ရက် အစောပိုင်းကောင်းဆိုခဲ့သည်။

တိဗက်၏ အခြေအနေက ကြောက်စရာကောင်းလှသည်။ တရုတ်က ရောဂါဖြစ်ပွားမှုကို ဟန်ချက်ညီညီကိုင်တွယ်ဖြေရှင်းနေကြောင်း ကမ္ဘာကိုဖော်ပြနေသော်လည်း လက်တွေ့အခြေအနေ နှင့်ဝေးကွာလှသည်။

အရေးယူဆောင်ရွက်မှုများသည်ပြင်းထန်လွန်းပြီးလူအများ၏အကျိုးစီးပွားကိုများစွာထိခိုက်စေခဲ့သည်။

တရုတ်သည် ကမ္ဘာတွင်ကိုဗစ်-၁၉ဖြစ်ပွားမှု၏ ဗဟိုချက်ဖြစ်ခဲ့ပြီး လွန်ခဲ့သည့်၂နှစ်အတွင်း လူပေါင်းသန်းနှင့်ချီ၍ သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly