နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၁ နိုဝင်ဘာ ၂၀၂၂) 

နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၁ နိုဝင်ဘာ ၂၀၂၂) 

နိုဝင်ဘာလ ၁ ရက်
 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • အမျိုးသားညီညွှတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ရေဆင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် သစ်တောသိပ္ပံနဲ့ ပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံဘွဲ့တန်းများအတွက် ပထမနှစ်ကျောင်းသူ ကျောင်းသားများ ခေါ်ယူနေကြောင်း ထုတ်ပြန်ထားသည်။ 

  • ကြားကာလ ချင်းအမျိုးသား ကောင်စီ(ICNCC) ဥက္ကဋ္ဌကြီး၏ ကျေးဇူးတင်ဂုဏ်ပြုအမှာ စကားရေးထိုး ထားသည့် ကောက်သစ်စားပွဲနှင့် ဆက်နွှယ်သော  ပို့စကတ်လေးတစ်ခုကို နိုဝင်ဘာလမှာ ငွေတိုက်စာချုပ် (ဘွန်း)ဝယ်ယူကြသူတိုင်း အမှတ်တရအနေဖြင့် လက်ခံရရှိကြမှာဖြစ်ကြောင်း သိရသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၏ ၇၃ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယနေနံနက် ၁၀ နာရီမှာပြု လုပ် ခဲ့ကြပြီး အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအပါအဝင် ပြည်ထောင်စုဝန်ကြီး များ ဒုဝန်ကြီးများတက်ရောက် ခဲ့ကြသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရက နိုဝင်ဘာ ၁ ရက် (ဒီနေ့) မှာ ကျရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဖွဲ့ စည်းတည်ထောင်ခြင်း ၃၄ နှစ်ပြည့် အခမ်း အနားသို့ သဝဏ်လွှာပေးပို့လိုက်သည်။ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က နိုဝင်ဘာ ၁ ရက် (ဒီနေ့)မှာကျရောက်တဲ့ မြန်မာ နိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးတည် ထောင်ခြင်း (၃၄) နှစ်ပြည့်သို့ သဝဏ်လွှာပေးပို့သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေအကြား ပထမဆုံး တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (၁/၂၀၂၂) ကို အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၃ နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။ 

  • မြန်မာစစ်တပ်က ကျူးလွန်ထားသော စစ်ရာဇဝတ်မှု သက်သေအထောက် အထား သန်းနှင့်ချီရှိ၍ ICC တရားရုံးက အရေးယူရန် အချိန်တန်ပြီဟု ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆိုလိုက်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA Magway တို့ စစ်ရေးနှင့် အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင် ဘယ်သောအခါမှမရှိ စာတန်း ကိုင်ဆောင်ကာ ကျေးလက် သူပုန် စစ်ကြောင်းမှ လူငယ်များ ဦးဆောင်ကာ ယနေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ကင်းပုန်းဝပ်ရန်သွားသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ယနေ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း မြင်းခြံ Zero ပျောက်ကျားတပ်ဖွဲ့မှ ကိုသက်ကြီး က ပြောဆိုသည်။ 

  • စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ပြည်သူများမှဦးဆောင်ပြီး အင်အားအများ အပြားဖြင့် နယ်မြေ မငြိမ်မသက်ဖြစ်နေသည့်ကြားမှ ယနေ့(နိုဝင်ဘာ ၁)ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို "တော်လှန် တန်ဆောင်တိုင်ရောက်ပြီ ပြည်သူ့မဏ္ဍိုင် မယိုင်စေနဲ့ ၊ ကနီမြို့နယ်သပိတ်စစ်ကြောင်း"စာသားများကိုင်ဆောင်၍ လှည့်လည် ဆန္ဒပြခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ပြည်သူများမှဦးဆောင်ပြီး အင်အားအများ အပြားဖြင့် နယ်မြေ မငြိမ်မသက်ဖြစ်နေသည့်ကြားမှ ယနေ့(နိုဝင်ဘာ ၁)ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို "တော်လှန် တန်ဆောင်တိုင်ရောက်ပြီ ပြည်သူ့မဏ္ဍိုင် မယိုင်စေနဲ့ ၊ ကနီမြို့နယ်သပိတ်စစ်ကြောင်း"စာသားများကိုင်ဆောင်၍ လှည့်လည် ဆန္ဒပြခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အထက်ပိုင်း ရှဲရွာနှင့် သေမသောက်ရွာမှ စစ်ကောင်စီတပ်နှင့်ပျူစောထီးစခန်း အား စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်နှင့်ပျူစောထီပူးပေါင်းဘက်မှ ငါးဦးသေကာ M2 သေနတ် သုံးလက်နှင့် ကျည်အချို့ သိမ်းဆည်းနိုင်ကြောင်း သိရသည်။ 

  • ပွင့်လင်းရာသီရောက်လာချိန်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း၌ တိုက်ပွဲများ တကျော့ပြန် ဖြစ်ပွားလာမည်ဖြစ်သဖြင့် စစ်ကောင်စီကို တိုက်ခိုက်ရန် လေကြောင်း ပစ်ကူများ လိုအပ်နေကြောင်း People's Defence Force-Kalay-Technique & Drone ထံမှ သိရှိရသည်။ 

  • လောင်းလုံးတွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ပွင့်လင်းရာသီရောက်လာချိန်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း၌ တိုက်ပွဲများ တကျော့ပြန် ဖြစ်ပွား လာမည်ဖြစ်သဖြင့် စစ်ကောင်စီကို တိုက်ခိုက်ရန် လေကြောင်း ပစ်ကူများ လိုအပ်နေကြောင်း People's Defence Force-Kalay-Technique & Drone ထံမှ သိရှိရသည်။ 

  • ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာရွာတွင် နေထိုင်သည့် ပြည်သူ ၂ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။ 

  • ရန်ကုန်၊ တောင်ဥက္ကလာမြို့နယ် ၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရကြောင်း သိရသည်။ 

  • ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဥဇ္ဇနာရပ်ကွက်နှင့်အိန္ဒြာရပ်ကွက်အစပ် လမ်း ကြားတစ်ခုရှိ ဖဲဝိုင်းထောင်ထားသောနေအိမ်တွင် ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့ ည ၇ နာရီ ခန့် က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

  • မန္တလေးမြို့တွင် ယနေ့ မိုင်းခွဲတိုက်ခိုက်မှု ၂ ခုဖြစ်ပွားပြီး အမှတ် ၁၁ ရဲစခန်းအနီးတွင် အချုပ်ကားလုံခြုံရေး စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းခွဲခံရခြင်း၊ အောင်မြေသာစံတွင် ကင်းလှည့်နေသည့် စစ်ကား ၃ စီး မိုင်းဆွဲခံ ရခြင်းတို့ ဖြစ်ပွားကြောင်း သိရှိရသည်။  

  • မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ရဲတပ်သား ၅ ဦး ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။ 

  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ငယ်တိုးကျေးရွာတွင် စစ်ကောင်စီသတင်းပေးဟု သတ်မှတ် နာမည်ကြီးသူ ညွှန့်ကိုကို သွားရောက်ဖမ်းဆီးစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။ 

  • မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၅၅လမ်းနှင့်မနော်ဟရီလမ်းထောင့်ရှိ ယာဉ်ထိန်းရဲဂိတ်တဲတွင် ယနေ့ နိုဝင်ဘာလ ၁ရက် နံနက်ပိုင်းက "သွေးကြွေးတောင်းဖို့ အချိန်တန်ပြီ၊ ပူးပေါင်း၍ ထတော့ မန္တလေး" ၊ "ဖားကန့်အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ"ဆိုသည့် စာတန်းချိတ်ဆွဲ ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ရခိုင်ပြည် ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီ၏ စကခ ၉ တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်သည် ပီစိကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး ၁၃ နှစ်အရွယ် သမီးငယ် အပါအဝင် တစ်အိမ်တည်းတွင် နေထိုင်အိပ်နေသော မိသားစုဝင် သုံးဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ယင်းကျေးရွာမှ ဒေသခံများက ပြောသည်။ 

  • ပုသိမ်ခရိုင်အခြေစိုက်၊ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့အတွက် သေနတ်အတို နှစ်လက်ဝယ်ယူနိုင်ရန်အတွက် ပုသိမ်ထီးနဲ့ ပုသိမ်ဟာလဝါ ရောင်းချ၍ ရှာဖွေသွားဖို့ စီစဉ်ထားကြောင်း ပန်းဆိုင် (Pann Sine)ထောက်ပို့အဖွဲ့ ထံက သိရသည်။ 

  • ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့က ရန်ကုန်တိုင်း၊ အင်းစိန်ထောင်တွင် ကြိုးပေး ခံခဲ့ရသည့် ဦးဂျင်မီအပါ အဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူလေးဦးအတွက် သုံးလပြည့်ဆွမ်းသွတ်ခဲ့သည့် နိုင်ငံ‌ရေးအကျဉ်းသား ၂၁ ဦးကို ထောင်အာဏာပိုင်များက အသက်န္တရာယ်ခြိမ်းခြောက်ခဲ့ကြောင်းသိရ သည်။ 

  • တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုရှိ ရေဖြူဆင်ဖြူရှင် အမှတ်(၄) ထုံခါ အကျဉ်းစခန်း တွင် ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီခန့်က အကျဉ်းသားလေးဦး ထွက်ပြေးခဲ့ရာ နှစ်ဦးပြန်ဖမ်းခံရပြီး နှစ်ဦးမှာ ပစ်ခတ်မှုကြောင့်သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် လက်နက်ခဲယမ်း လိုအပ်ချက်များ ရှိနေကြောင်း မိုးဗြဲနှင့် ဖယ်ခုံဒေသများရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။ 

  • ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထံ အောက်တိုဘာလ ၁၈ ရက်တွင် ဖာပွန်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၄၀ တပ်ရင်းမှ တပ်သားနှစ်ဦး လက်နက်နှင့်တကွ အလင်းဝင်လာကြောင်း သတင်းရရှိသည်။ 

  • ချင်းပြည်နယ် ၊ မတူပီမြို့ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကို ကိုယ်စားလှယ် ၂၁ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း အောက်တိုဘာလ ၃၁ရက်နေ့တွင် ထုတ်ပြန်သည်။ 

  • ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တပ်ရင်းမှူး စောဝင်းကျော်၏နေအိမ်အား စီးနင်း တိုက်ခိုက် မှုသည် အမြော်အမြင်နည်းသည့် လုပ်ရပ်ဖြစ်ပြီး ပြင်းပြင်းထန်ထန် ကွန့်ကွက်ရှုတ်ချကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က အောက်တိုဘာလ ၃၁ ရက်နေ့ ရက်စွဲဖြင့် PPST က အသိပေးထုတ်ပြန်လိုက်သည်။ 

 

စစ်ကောင်စီ 

  • စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ရွာသာရွာရှိ လူငယ်တစ်ဦးအား စစ်ကောင်စီ တပ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)သင်တန်းဆင်းဟုဆိုကာ ဖမ်းဆီးသတ်ဖြတ်ထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ 

  • ချင်းပြည်နယ်၊ မတူပီမြို့ပေါ်သို့ရောက်ရှိလာသည့် စစ်ကောင်စီတပ်သားများသည် ယခု ရက်ပိုင်းတွင် လုံခြုံရေးအကြောင်းပြပြီး ဘာသာရေးခေါင်းဆောင်များကို စစ်ဆေးမေးမြန်းခြင်း၊ ရိုက်နှက် ခြင်းများရှိလာ နေသည်ဟု မတူပီဒေသခံများထံမှ သိရသည်။ 

  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အစိုးရအဖွဲ့ရုံးအတွင်း ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ဘူးဂါးလျှပ် စစ်ရုံးဝန်ထမ်း အချို့ကို စစ်ကောင်စီက ယမန်နေ့ညမှစ၍ ဖမ်းဆီးစစ်ဆေးနေ‌ကြောင်း ဝန်ထမ်းအချို့ထံမှ ကနဦးစုံစမ်းသိရှိရသည်။ 

  • မွန်ပြည်နယ်၊ ကျိုက်ထီးရိုးတောင်တက်ဂိတ် ပစ်ခတ်မှု၌ သေဆုံးသူများနှင့်ထောင်ကျသူများ ပါဝင်ပတ် သက်နေ သည်ဟု ယမန်နေ့ အောက်တိုဘာ ၃၁ ညပိုင်းတွင် စစ်ကောင်စီက စွပ်စွဲ ထုတ်ပြန်လိုက်သည်။ 

  • မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့် အလံတင် အစည်းအဝေးကို အောက်တိုဘာလ ၃၀ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ခ်မြို့၊ Shahparirdwip လှေဆိပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ PDF များ၏ ပစ်ခတ်မှုကြောင့် “အောင်တော်မူ”ဘုန်းကြီးကျောင်းမှ ခန်းနေဆရာတော်တစ်ပါးနှင့် ပြည်သူတစ်ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း စစ်ကောင်စီ မီဒီယာများမှ ဝါဒဖြန့် ရေးသားနေကြသည်။ 

  • PDF များထံ ဆေးဝါးပစ္စည်းများ ထောက်ပံ့ပို့ဆောင်နေသူများအား ထောက်ပံ့ရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း အကြမ်းဖက်စစ်ကောင်စီထုတ်ပြန်သည်။ 

နိုဝင်ဘာ ၁ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီသည်ကျိုက်ထီးရိုဖြစ်ရပ် ပြုလုပ်သူများကို ထုတ်ပြန်ရာတွင် သေဆုံးသူများနှင့် ထောင်ကျ သူများ ပါဝင်နေသည်ကိုတွေ့ရသည်။စစ်ကောင်စီသည် တစ်လျောက်လုံး ဖြစ်ရပ်မှန်များကို ဖုံးကွယ်ပြီး လိမ်လည်ထုတ်ပြန်တတ်သည်မှာ စစ်အုပ်စု၏ အစဉ်အဆက်သုံးလာသည့် နည်းဖြစ်သည်ဟုဆို ရမည်ဖြစ်သည်။ 

  • အညာတော်လှန်ရေးတပ်ဖွဲ့များသည် စုဖွဲ့မှုအားပိုကောင်းလာပြီး သေချာသည့် ပစ်မှတ်များကို ရွေးချယ် တိုက်ခိုက်လာသည်ကိုတွေ့ရသည်။မန္တလေးတိုင်းအတွင်း ယခုရက်ပိုင်း မြို့ပြပျောက်ကြားတော်လှန်ရေး လှုပ်ရှားမှု ခပ်စိတ်စိတ်ပြုလုပ်လာသည်ကိုတွေ့ရသည်။ 

  • ပွင့်လင်းရာသီရောက်တော့မည်ဖြစ်၍ နှစ်ဖက်ထိုးစစ်များပြုလုပ်မည်ဖြစ်ရာ တော်လှန်ရေး အင်အားစု များကို ယခုကတည်းက နိုင်သလောက် လှူဒါန်းပေးကြရန် လိုအပ်ပေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly