ကလေး PDF ထောင်ထားသောမိုင်းအား စစ်ကောင်စီတပ်သားများ ရှင်းလင်းစဉ်ပေါက်ကွဲ၍ ၃ ဦးသေဆုံး

ကလေး PDF ထောင်ထားသောမိုင်းအား စစ်ကောင်စီတပ်သားများ ရှင်းလင်းစဉ်ပေါက်ကွဲ၍ ၃ ဦးသေဆုံး

နိုဝင်ဘာလ ၁ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့တောင်ပိုင်း၊ နည်းပညာတက္ကသိုလ်(ကလေး)အနီး၌ မိုင်းရှင်း ရန်ရောက်ရှိလာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို PDF Kalay မိုင်းအဖွဲ့က အောက်တိုဘာ လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်အနီးတွင် PDF Kalay မိုင်းအဖွဲ့က မိုင်းထောင်းထားကြောင်း စစ်ကောင်စီတပ်သား များက သတင်းရရှိ၍ ရှင်းလင်းရန်မိုင်းအားကောက်ယူစဉ် ဖောက်ခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။

“အစကတော့ ကျွန်တော်တို့က လူနည်းလို့မခွဲသေးဘူး စောင့်နေတာ။ မခွဲဘဲနဲ့ထားတာကို သူတို့က သတင်းရလို့ လာသိမ်းတဲ့အချိန်မှာခွဲလိုက်တာပါ။ ကျွန်တော်တို့ထောင်ထားတဲ့မိုင်းကို စစ်သားတစ် ယောက်က လက်ထဲကိုင်ပြီး သူ့ဗိုလ်ကိုသွားပြတယ်။ သူ့ဗိုလ်ကို လက်ထဲမှာ မိုင်းလုံးကိုင်ပြီး သွားပြနေတဲ့ အချိန်မှာ ကျွန်တော်တို့ကခွဲလိုက်တာ။ မိုင်းပေါက်ကွဲပြီး အဲဒီဗိုလ်က တစစီလွင့်ထွက်သွားတယ်။ အစအန တောင်ရှာမရတော့ဘူး။ မိုင်းလုံးသွားပေးတဲ့ သူကတော့ ခါးပြတ်သွားတယ်။ ကျန်တစ်ဦးလည်း ပေါက်ကွဲဒ ဏ်ရာတွေနဲ့ သေဆုံးသွားတယ်” ဟု PDF Kalay မိုင်းအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားသုံးဦးသေဆုံးကြောင်း မျက်မြင်တွေ့သူများ၏ပြောပြချက် အရ သိရကြောင်း PDF Kalay မိုင်းအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံကဆိုသည်။

ယခုတိုက်ခိုက်မှုကို PDF Kalay မိုင်းအဖွဲ့က "Yatu Project" အမည်ဖြင့် ထုတ်လုပ်သုံးစွဲနေသည့် ရှေ့ထွက်မိုင်းများဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းအဖွဲ့မှ ထုတ်လုပ်ရေးနှင့်တွဲပြီး တစ်မြို့နယ်လုံးကိုဖြန့် ဖြူးပေးနေရသောအနေအထားဖြစ်သည့်အပြင် ရန်ပုံငွေရရှိမှုမှာ နည်းပါးနေသောကြောင့် အကူအညီများ စွာလိုအပ်နေသေးကြောင်း PDF Kalay မိုင်းအဖွဲ့က ပြောသည်။

ထို့အပြင် ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်အချိန်ခန့်၌ ကလေးမြို့မြောက်ဘက် မြို့ပြင် ဖောင်ကူးတံတားဘက်သို့ မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီယာဉ်နှစ်စီးပါ ယာဉ်တန်း အား PDF(Kalay)မိုင်းတပ်ဖွဲ့မှ အသင့်တပ်ဆင်ထားသော မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီယာဉ် တစ်စီးလမ်းမကြီးတွင် ထိုးရပ်သွားပြီး စစ်သားများ၏ အော်ဟစ်ညည်း ညူသံများကြားရကာ အများအပြားထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly