စက်သုံးဆီ ဈေးနှုန်းများ 92 ၁ လီတာလျှင် ကျပ် ၂,၀၀၀ အောက် ပြန်လည်ကျဆင်း

စက်သုံးဆီ ဈေးနှုန်းများ 92 ၁ လီတာလျှင် ကျပ် ၂,၀၀၀ အောက် ပြန်လည်ကျဆင်း

နိုဝင်ဘာလ ၁ ရက်

စက်သုံးဆီဈေးနှုန်းများမှာ သုံးရက်ဆက်တိုက် အတက်ဘက်တွင်ရှိခဲ့ပြီး ယနေ့ နိုဝင်ဘာ ၁ ရက်နေ့တွင် 92 တစ်လီတာလျှင် ကျပ် ၂,၀၀၀ အောက်သို့ ပြန်လည်ကျဆင်းခဲ့ကြောင်းသိရသည်။

အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်ကာ အောက်တိုဘာ ၃၁ရက် နေ့အထိ 92 တစ်လီတာလျှင် ကျပ် ၂,၀၀၀ အထက် ရှိခဲ့ရာမှ ယနေ့ နိုဝင်ဘာလ ၁ရက်နေ့တွင် 92 တစ်လီတာလျှင် ၁,၉၃၅ ကျပ်သို့ကျဆင်းသွားခြင်းဖြစ်သည်။

ယနေ့ နိုဝင်ဘာ ၁ ရက် စက်သုံးဆီဈေးနှုန်းများမှာ 92တစ်လီတာ ၁,၉၃၅ ကျပ်၊ 95 တစ်လီတာ ၂,၀၂၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂,၆၇၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂,၇၅၅ ကျပ်ဖြစ်ကြောင်း စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

သုံးရက်ဆက်တိုက် အတက်ဘက်တွင် ရောက်ရှိခဲ့သည့် စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာလျှင်၂,၀၀၀ ကျပ်၊ 95 တစ်လီတာလျှင် ၂,၀၉၀ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာလျှင် ၂,၆၉၀ ကျပ်နှင့် ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင် ၂,၇၇၅ ကျပ်တို့ဖြစ်သည်။

ထို့အပြင် သီလဝါဆိပ်ကမ်း၌ စက်သုံးဆီဂါလန် ၁၁ သန်းနီးပါး ဆီချနေပြီး ရန်ကုန်မြို့ သီလဝါ ဆီလှောင်ကန် လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှု လက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly