နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၃၁ အောက်တိုဘာ ၂၀၂၂) 

နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၃၁ အောက်တိုဘာ ၂၀၂၂) 

အောက်တိုဘာလ ၃၁ ရက်
 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • မန္တလေးမြို့၊ ရေတံခွန်တောင်ခြေက နွေဦးရောင်စဉ်စီမံကိန်းရဲ့ ပေ ၄၀ x ၆၀ မြေကွက်များ ဝယ်ယူလိုသူများ ပြားသည့်အတွက် ဒုတိယအကြိမ် မြေကွက် ၂၀၀ ထပ်မံဖော်ထုတ်ရောင်းချသွားမည်ဖြစ်ကြောင်း The End Of Dictato rship (EOD) က ထုတ်ပြန်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က ၂၀၂၂ ခုနှစ် ပြည်သူ့ရဲတပ် ဖွဲ့ ဥပဒေ ပုဒ်မ ၁၄ / (ခ) အရ ကသာမြို့နယ်ပြည် သူ့ရဲတပ်ဖွဲ့နဲ့ ဒီပဲယင်းမြို့နယ် ပြည်သူ့ရဲ တပ်ဖွဲ့တို့ကို ဖွဲ့စည်းလိုက်ကြောင်း အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအကြားတွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက် မနက် ၁၀ နာရီအချိန်တွင် ပြုလုပ်ခဲ့ကြသည်။ 

  • တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ Itaewon မှာ ဟောလိုးဝင်းပွဲပြုလုပ်နေစဉ် လူအုပ်ပိတာကြောင့် လူအများ အပြားသေဆုံးခဲ့ရသည့်အပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေဖြင့် ဝမ်းနည်း ကြောင်းသဝဏ်လွှာကို တောင်ကိုရီးယားနိုင်ငံ၊ အမျိုး သားလွှတ်တော် ဥက္ကဋ္ဌဆီအောက်တိုဘာ ၃၀ ရက်မှာ ပေးပို့ခဲ့ကြောင်း သိရသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးသည့်''၂၀၂၃ ခုနှစ်၊ အခြေခံ ပညာပြီး မြောက်ကြောင်း စစ်ဆေးအကဲဖြတ်မှု'' အစီအစဉ်မှာ ပါဝင်ဖြေဆိုနိုင်ဖို့ ဖြေဆိုခွင့်လျှောက်ထား နိုင်ပြီ ဖြစ်‌ကြောင်း ထုတ်ပြန်ထားသည်။ 

 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်တို့တွင် စစ်တပ်က အောက် တိုဘာလအတွင်း လူအစုလိုက် အပြုံ လိုက် သတ်ဖြတ်မှု ၂ ကြိမ်ကျူးလွန်ခဲ့ပြီး စုစုပေါင်း လူ ၃၀ ကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူများက ပြောပါတယ်။ 

  • ကနီမြို့နယ် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် အောက်တိုဘာလ ၃၁ ရက် ယနေ့တွင် ၅၉၉ ရက်မြောက် အဖြစ် ချီတက်ဆန္ဒပြကြသည်။ 

  • အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး တန့်ဆည်ပင်မသပိတ်စစ်ကြောင်းသည် အောက်တိုဘာလ ၃၀ ရက် ယမန်နေ့ ညနေက ချီတက်ဆန္ဒပြကြသည်။ 

  • ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နွန်ထဗူလီပါကယ်စ် Big C ရှေ့ Pandar - Fc ကွင်း၌ မြန်မာ့တော်ဝင် နဂါးတပ်တော် တပ်ဖွဲ့အတွက် ရန်ပုံငွေ ရရှိရေး ဘောလုံးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • မန္တလေးမြို့၊ ၁၂၃ လမ်းနှင့် ၅၈ လမ်းကြားရှိ စ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်သွင်း ဖောက်ခွဲတိုက်ခိုက် ခံရကြောင်း သိရသည်။ 

  • မန္တလေးမြို့ မတ္တရာမြို့နယ် စကျင်ရွာကို အကြမ်းဖက် စစ်တပ်က အောက်တိုဘာလ ၂၇ ရက်နေ့ ည ၉ နာရီခန့်က ဝင်ရောက် စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား တစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

  • အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်အခြေစိုက် မြို့ပြပျောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော Inya Urban Force အဖွဲ့ဝင်တချို့ကို ဖမ်းဆီးသွားသော်လည်း စစ်ခေါင်းဆောင်နှင့် စစ်တပ်ဒေါက်တိုင်များကို ဆက်လက် ရှင်းလင်းသွားမည်ဖြစ် ကြောင်းထုတ်ပြန်သည်။ 

  • အ​မေရိကန်၊ Los Angeles Organizers for Burma အဖွဲ့မှ ဦးဆောင်၍ Los Angeles အ‌ခြေစိုက် မြန်မာ အသင်း အဖွဲ့ပေါင်းစုံတို့ ပူးပေါင်းစီစဉ်တင်ဆက်သော ဒါရိုက်တာ ကိုပေါက်ရိုက်ကူးသည့် “မသောက်မိ သော မိုးခါးရေ” (The Road Not Taken) ရုပ်ရှင်အထူးပွဲ ကို အမေရိကန်နိုင်ငံ လော့စ်အိန်းဂျလိစ်မြို့ Baldwin Park Performing Arts Center တွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၀ ရက် နေ့လယ် ၁၂ နာရီခွဲ မှ ည‌နေ ၆ နာရီအထိ ပွဲစဥ် ၂ ပွဲ ရုံပြည့် ပြသခဲ့ပါသည်။ 

  • တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ညောင်ပင်ကွင်းကျေးရွာနှင့် ဘန်လောကျေးရွာတို့တွင် ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား အပြန် အလှန် ပစ်ခတ်မှုကြောင့် တိုက်ပွဲ ပြင်းထန်လျက်ရှိနေကာ စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် အရပ်သား တချို့ ထိခိုက်ရာ ရရှိနေပြီး နေအိမ်များ ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း ဒေသခံများ ထံမှ သိရသည်။ 

  • ရှမ်းတောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချိုးဖြူ ပြောက်ကျားတပ်ဖွဲ့မှ ''ချိုးဖြူငှက် တို့ပျံသန်းဖို့ Drone တစ်စင်းကူကြစို့'' ခေါင်းစဉ်ဖြင့် ဒရုန်းတစ်စင်းအတွက် ကျပ်သိန်း ၅၀ ကို အောက်တိုဘာ ၃၀ ရက်နေ့မှ နိုဝင်ဘာ ၃ ရက်နေ့အထိ Challenge ငါး ရက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထွေအထွေအုပ်ချုပ်ရေးရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာသေဆုံးသူနှင့် ပြင်းထန်ဒဏ်ရာ ရရှိသူများရှိသည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် ဘုတ်ပြင်းအခြေစိုက် ခမရ ၃၅၈ တပ်ရင်းမှ အ တပ်သား ၃ ဦးသည် KNLA ပူးပေါင်းတပ် နဂါးနီစစ်ကြောင်းထံ အလင်းဝင်လာခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

  • အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရှားတောမြို့ ပွန်ချောင်းကျေးရွာ အနီးရှိ အကြမ်းဖက် စစ်တပ် အခြေစိုက်စခန်းကို KNDF B (14)နှင့် KA တပ်ဖွဲ့တို့ ပူးပေါင်းကာ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ယနေ့ နံနက်ပိုင်း တိုက်ခိုက်ရေး ရဟတ်ယာဉ် ၇ စီးဖြင့် ကင်းလှည့်ပျံဝဲခဲ့ကြောင်း KIA သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 

  • KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ တခေါ့ပွာကျေးရွာရှိ ဒေသခံ အမျိုးသမီး တစ်ဦးကို အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၉ က အဓမ္မပြုကျင့် သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ 

  • ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကို စစ်ကောင်စီ ကကျူးလွန်ခဲ့ ကြောင်း ပြောကြားရန်ပင် စစ်ကောင်စီနှင့်ငြိမ်းချမ်းရေး ဆွေးနွေးမှုများပြုလုပ် နေသည့် အဖွဲ့အများစု အနေဖြင့် ဝန်လေးနေသည်ကိုတွေ့ရသည်။ 

  • သက်ဆိုင်သူများအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများကို ပိုမိုဆိုးရွားစေမည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို ရှောင်ရှားကြဖို့ဆိုပြီး PPST က တိုက်တွန်းလိုက်သည်။ 

 

စစ်ကောင်စီ 

  • အကြမ်းဖက်စစ်ကောင်စီက အစိုးရဝန်ထမ်း(Non CDM)များအား ကျိုက်ထီးရိုးဘုရား မဖြစ်မနေ သွားဖူးရမည်ဟု ဖိအားပေးနေကြောင်း သိရသည်။ 

  • ကုလညီလာခံမှာ အထူးကိုယ်စားလှယ်နှင့် အစီရင်ခံစာတင်သွင်းသူများ၏ တင်သွင်းပြောဆိုမှုများကို ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် လိုက်သည်။ 

  • ရခိုင်ပြည်နယ် သံတွဲမြို့အနီးက သူဌေးချောင်းပေါ်မှာ တည်ဆောက်နေသည့် သူဌေးရေအားလျှပ်စစ် စီမံကိန်းဟာ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်မှာ အလုံးစုံးပြီးစီးနိုင်ကြောင်း ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေး ဦးစီးဌာနက သိရှိရသည်။ 

  • ပြီးခဲ့တဲ့ရက်ပိုင်းများအတွင်းကိုဗစ်ဖြစ်ပွားမှု တွေလျော့ကျလာပြီးအောက်တိုဘာ၃၀ရက်နေ့ည စစ်ကောင်စီ ကျန်းမာရေးဌာန၏ သတင်း ဖော်ပြချက်မှာတော့ ကိုဗစ်ဖြစ်ပွားနေခြင်းသည် ၁ ရာခိုင်နှုန်းကျော် သာရှိ ကြောင်း သိရသည်။ 

  • အုန်းသွင်(ငြိမ်း)နှင့် ၎င်း၏သားမက်ဖြစ်သူ ကိုရဲတေဇတို့အား ပစ္စတိုဖြင့် ပစ်ခတ်ခံမှု ဖြစ်စဉ်အတွင်း ပါဝင်သူ ၁၀ ဦးကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားသည်။ 

အောက်တိုဘာ ၃၁ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီကတော့ UN အပါအဝင် နိုင်ငံတကာကို ကန့်လန့်တိုက်နေပြီး နိုင်ငံတကာ အကြံပြုချက်များကို လစ်လျူရှုထားခြင်းကြောင့် ဖိအားများပိုလာမည်ဟု ဆိုရမည်ဖြစ်သည်။ 

  • ယခုရက်ပိုင်း မြို့ပြတော်လှန်ရေးလှုပ်ရှားမှုများလာသလို ဆန္ဒပြ၍ ဖမ်းဆီးခံရသည့် လူငယ်များပိုများ လာသည်ကိုတွေ့ရသည်။အကျပ်အတည်းကြားမှ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် လူငယ်များကို ပြည်သူများအနေဖြင့် ပိုမို ထောက်ပံ့မှုများပြုလုပ်ပေးရန်လည်း လိုအပ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly