ဝက်လက်မြို့နယ်တွင် မိုင်းနှင့်လေကြောင်း အန္တရာယ် ကာကွယ်​ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ဝက်လက်မြို့နယ်တွင် မိုင်းနှင့်လေကြောင်း အန္တရာယ် ကာကွယ်​ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

အောက်တိုဘာလ ၃၁ ရက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် တစ်နေရာတွင် ဒေသခံပြည်သူများအား မိုင်းနှင့်လေကြောင်း အန္တရာယ်ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောမှုကို ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်ကြသည်။

ဝက်လက်မြို့နယ် တပ်ရင်း (၁၈)နယ်မြေအတွင်းရှိ ဒေသခံပြည်သူများကို ဝက်လက်မြို့နယ် နယ်စည်းမခြားတော်လှန်ရေးအင်အားစုနှင့် တက်ကြွလှုပ်ရှားသူများ ပူးပေါင်းကာ ဟောပြောမှုကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

“အင်တာနက်မရတဲ့နေရာက ဒေသခံတွေကို အဓိက လေကြောင်းတိုက်ခိုက်မှုအတွင်း လက်နက်မဲ့ပြည်သူတွေ အထိအခိုက် နည်းနိုင်သမျှနည်းအောင်ရယ်၊ စစ်ကိုင်းတိုင်းထဲ မိုင်းမတော်တဆမှု‌တွေ များလာတာရယ်ကြောင့် မိုင်းအသိပညာပါ ပေးခဲ့တာပါ” ဟု ဟောပြောပွဲဦးဆောင်ခဲ့သူတစ်ဦးက မဇ္စျိမကို ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်က လေယာဉ်များအပါအဝင် နည်းလမ်းမျိုးစုံဖြင့် အင်အားသုံးကာ စစ်ကြောင်းထိုးမှုများ ပြုလုပ်နေသည်။

ထိုသို့ စစ်ကြောင်းထိုးမှုများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ရရာနည်းလမ်းများဖြင့် ခုခံတိုက်ခိုက်နေကြပြီး နှစ်ဘက်အထိအခိုက်အကျအဆုံးများလည်း ရှိနေသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly