စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲ ခက်ခဲကျပ်တည်းနေတဲ့ မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံ အထူးအစည်းအဝေးတစ်ခုကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က အာဆီယံ ရုံးချုပ်မှာ အောက်တိုဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲမှာ အရင်ချမှတ်ထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်အပေါ်မှာ အခြေခံပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
သဘောတူညီချက်တွေကို ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီကို အစည်းအဝေး မဖိတ်ကြားတဲ့ မူကို အာဆီယံက ဆက်လက်ကိုင်စွဲထားပြီး အစည်းအဝေးသို့ စစ်ကောင်စီတက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ သူတို့တက်ရောက်ခွင့် မရခဲ့တဲ့ အခုဆွေးနွေးပွဲရဲ့ ဆုံးဖြတ်ချက် ရလာဒ်တွေကို အသိအမှတ်ပြု လိုက်နာဆောင်ရွက်မှာ မဟုတ်တဲ့အကြောင်း တုံ့ပြန်ချက် ထုတ်ပြန်ထားပါတယ်။
တစ်နှစ်ကျော်ကြာ ကြိုးပမ်းဆောင်ရွက်ပေမယ့် ရလာဒ်မတိုးခဲ့တဲ့ အာဏာဆီယံ ဘုံသဘောတူညီချက် ငါးရပ်က မြန်မာ့အရေး ဖြေရှင်းမယ့် ရှေ့ဆက်လုပ်ငန်းစဉ်တွေမှာရော ထိရောက်မှု ရှိနိုင်ပါသလား
ရှေ့ဆက် အာဆီယံ လုပ်ငန်းစဉ်တွေကရော ဘယ်လောက်အတိုင်းအတာထိ ထိရောက်မှု ရှိလာနိုင်ပါသလဲ။
စတာတွေနဲ့ ပတ်သက်ပြီး အခုတစ်ပတ် Mizzima Editorial Talk အစီအစဉ်မှာ သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ နောင်နောင်တို့က ဆွေးနွေးတင်ဆက်ထားပါတယ်။