ပါကစ္စတန် ဆွက်တောင်ကြားသို့ စစ်သွေးကြွများ ၁၀ နှစ်ကျော် ကြာပြီးနောက် ပြန်ရောက်လာ

ပါကစ္စတန် ဆွက်တောင်ကြားသို့ စစ်သွေးကြွများ ၁၀ နှစ်ကျော် ကြာပြီးနောက် ပြန်ရောက်လာ

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် ဆွက်တောင်ကြားတွင် တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှု တစ်ဟုန်ထိုး မြင့်တက်လာခြင်းကြောင့် ၁၀ နှစ်ကျော်ကြာပြီးနောက် ထိုဒေသသို့ စစ်သွေးကြွများနှင့် အကြမ်းဖက်မှုက တကျော့ပြန် ပြန်လာခြင်းအပေါ် စိုးရိမ်ပူပန်မှုများကို မြင့်တက်စေခဲ့သည်။

ဒေသတွင် မကြာသေးခင်က ကျောင်းကား၁စီး တိုက်ခိုက်ခံရပြီး ဒရိုင်ဘာဖြစ်သူ သေဆုံးကာ ကလေး၂ဦး ဒဏ်ရာရခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ယခုသီတင်းပတ်အတွင်း ဆွက် ဒေသခံများသည် အကြမ်းဖက်မှုကို ဆန့်ကျင်လျက် လမ်းများပေါ် ပြန်ထွက်ကာ ဆန္ဒပြခဲ့ကြကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ဆွက်ဒေသတွင် စစ်သွေးကြွ လှုပ်ရှားမှုများ မြင့်တက်လာမှုအပေါ် နှိမ်နင်းဖြိုခွင်းရန် ဆန္ဒပြသူများက အာဏာပိုင်များကို တောင်းဆိုခဲ့သည်။

ထို ဆန္ဒပြပွဲကို ဒေသရှိ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဆွက် ကာအူမီ လူမျိုးစုကောင်စီက စီစဉ်ခဲ့ခြင်း ဖြစ်ပြီး တောင်ကြားဒေသ၌ ငြိမ်းချမ်းမှု ပြန်လည်ရရှိရေး တောင်းဆိုသည့် ဆောင်ပုဒ်များ ရေးသားထားသော စာတန်းများကို ကိုင်မြှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆွက်တောင်ကြားဒေသ၌ အကြမ်းဖက်မှုက တစ်ဖန် ပြန်ပေါ်လာခဲ့ပြန်ပြီဟု ထင်ရချိန် ဆန္ဒပြသူများက ၎င်းတို့၏ မကျေနပ်ချက်များကို ထုတ်ဖော်ခဲ့ကြသလို ဆိုင်းပုဒ်များကိုင်ဆောင်ကာ ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly