သမ္မတရှီကျင့်ဖျင်အားကိုးရသည့် ပေါ်လစ်ဗျူရိုအဖွဲ့ဝင်သစ်ဖြစ်သူကို တရုတ်ကွန်မြူနစ်ပါတီ၏ ဝါဒဖြန့်ချိရေး အကြီးအကဲအဖြစ် ခန့်အပ်

သမ္မတရှီကျင့်ဖျင်အားကိုးရသည့် ပေါ်လစ်ဗျူရိုအဖွဲ့ဝင်သစ်ဖြစ်သူကို တရုတ်ကွန်မြူနစ်ပါတီ၏ ဝါဒဖြန့်ချိရေး အကြီးအကဲအဖြစ် ခန့်အပ်

သမ္မတရှီကျင့်ဖျင်၏တပည့်ဖြစ်သူ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်သစ် လီရှုလျဲ့အား တရုတ်ကွန်မြူနစ်ပါတီ၏ ဝါဒဖြန့်ချိရေး အကြီးအကဲအဖြစ် အတည်ပြုလိုက်ပြီဖြစ်ကာ လီသည် ပထမဆုံးတာဝန်အဖြစ် မကြာသေးမီက ကျင်းပခဲ့သော ကွန်မြူနစ်ပါတီညီလာခံ၏ အဓိကသတင်းများကို ထုတ်ပြန်ပေးရသည်။

လီသည် ပြည်သူ့ကွန်ဂရက်၏ အမြဲကော်မတီအစည်းအဝေးကို ရာထူးတာဝန်သစ်ဖြင့် တက်ရောက်ခဲ့ကာ အောက်တိုဘာ ၂၆ ရက်က ရာထူးခန့်အပ်မှုကို အတည်ပြုခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြသည်။

အသက် ၅၈ နှစ်ရှိပြီဖြစ်သည့် လီသည် ရှီကျင့်ဖျင် တတိယအကြိမ်မြောက် ဦးဆောင်သည့် ပေါ်လစ်ဗျူရို အဖွဲ့ဝင်သစ် ၁၃ ဦးတွင် အပါအဝင်ဖြစ်သည်။

လီသည် ရာထူးတာဝန်အသစ်ဖြင့် အတွေးအခေါ်၊ ရုပ်ရှင်များ၊ အင်တာနက်နှင့် မီဒီယာကဏ္ဍဆိုင်ရာ ရှီ၏ အမြင်များကို တွန်းအားပေးမည်ဖြစ်သည်။ လီသည် ကမ္ဘာတစ်ဝန်း၌ တရုတ်အကြောင်းလုပ်ဇာတ်များကို ပုံဖော်မည့်တရုတ်၏ လှုပ်ရှားမှုကိုလည်း ဦးဆောင်မည်ဟု မျှော်လင့်ရသည်။

တရုတ်ဥပဒေပြုလွှတ်တော် နှစ်ပတ်လည်အစည်းအဝေးကျင်းပပြီး ဝန်ကြီးချုပ်၊ ဒု-ဝန်ကြီးချုပ်အချို့နှင့် ဥပဒေပြုလွှတ်တော်ခေါင်းဆောင်များနှင့် နိုင်ငံရေးအကြံပေးအဖွဲ့များအပါအဝင် ထိပ်တန်းအစိုးရရာထူးများကို အတည်ပြုသည့် မတ်လအမီ ထိပ်ပိုင်းအစိုးရရာထူးများကို အပြီးသတ်ခန့်အပ်မည်ဟု မျှော်လင့်ရသည်။

လီသည် တရုတ်စီနီယာအရာရှိများစွာတက်ရောက်ခဲ့သော ဟားဗက်တက္ကသိုလ် ကနေဒီနိုင်ငံရေးကျောင်းတွင် ပညာသင်ကြားရန် ၁၉၉၉ ခုနှစ်က တရုတ်အစိုးရ၏ ရွေးချယ်မှုကို ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required