စစ်တွေမြို့တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၄လုံး ဆုံးရှုံး

စစ်တွေမြို့တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၄လုံး ဆုံးရှုံး

အောက်တိုဘာလ ၃၀ ရက်

 ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အင်ဘာလာရပ်ကွက်တွင် ယနေ့ အောက်တိုဘာလ ၃၀ရက် နံနက် ၁၀နာရီခွဲခန့်တွင် နေအိမ်တစ်လုံးမှ မီးစတင်၍ မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

မီးစတင်လောက်ကျွမ်းသည့် နေအိမ်အတွင်းမှ မိသားစုများမှာ မင်္ဂလာဆောင်ပွဲသို့ သွားနေကြသည့်အတွက် မီးစတင်လောင်ကျွမ်းရသည့်အကြောင်းအရင်းကို မသိရသေး‌ပေ။

နေအိမ် လေးလုံး မီးလောင်ဆုံးရှုံးသွားပြီး ဆုံးရှုံးသွားသည့် နေအိမ်များ၏တန်ဖိုးကို မသိရှိရသေးကြောင်း မီးသတ်ဌာနမှ အရာရှိ တစ်ဦးကပြောသည်။

”မီးစလောင်တဲ့ အိမ်မှာကလူတွေမရှိကြဘူး။ဘယ်နားက စလောင်မှန်း မသိရဘူး။ မီးခိုးတွေထွက်လာတော့ မီးလောင်နေတာကို သိရတာလို့ပြောကြတယ်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မသိရသေးဘူး။ ကျနော်တို့ ပိုင်ရှင်တွေနဲ့ စကားပြောနေပါတယ်” ဟု ၎င်းကပြောသည်။

မီးသတ်ဌာန၊ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း၊ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းနှင့် ပြည်နယ်ကြက်ခြေနီအဖွဲ့တို့က မီးသတ်ခဲ့ရာ နေ့တလယ် ၁၁ နာရီခွဲခန့်တွင် မီးငြိမ်းသွားသည်ဟု သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly