အသင်းဖော်များကိုဝေဖန်မိခဲ့သည့်အတွက် စီရော်နယ်ဒိုပြန်လည် တောင်းပန်

အသင်းဖော်များကိုဝေဖန်မိခဲ့သည့်အတွက် စီရော်နယ်ဒိုပြန်လည် တောင်းပန်

မတ် ၁၊ မက်ဒရစ် ။         ။ အက်သလက်တီကို, ကိုရှုံးသည့်ပွဲအပြီးတွင် အသင်းဖော်များအနေဖြင့်၎င်း၏ အဆင့်တွင်ရှိနေပါက ရီးယဲလ်မက်ဒရစ်အသင်း လာလီဂါ အမှတ်ပေးဇယားထိပ် တွင်ရောက်နေနိုင် သည်ဟု ပြောကြားခဲ့မှုအပေါ် စီရော်နယ်ဒိုက ပြန်လည်ရှင်းပြတောင်းပန်လိုက်သည်။

တနင်္လာနေ့တွင်ပြုလုပ်သည့်လေ့ကျင့်ခန်းအစီအစဉ်မတိုင်မီ စီရော်နယ်ဒိုက အသင်းဖော်များကိုပြန်တောင်းပန်ခဲ့ခြင်းဖြစ်ပြီး အက်သလက်တီကို, ကိုရှုံးသည့်ပွဲပြီးပြောစကားကြောင့်ဖြစ်နိုင်သည်ဟု အားကစားဝက်ဘ်ဆိုက် ဂိုးလ်ဒေါ့ကွန်းက ယူဆနေသည်။

အက်သလက်တီကိုအား အိမ်ကွင်းတွင် ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် နာရီ ၄၀ ခန့်အကြာ တနင်္လာနံနက်ခင်းတွင် လေ့ကျင့်ခန်းများပြန်စတင် ရန် ရီးယဲလ်ကစားသမားများ ဗယ်ဒီဘီဘက်စ်လေ့ကျင့်ရေးကွင်း၌ စုစည်းခဲ့ကြခြင်းဖြစ်သည်။

စီရော်နယ်ဒိုအနေဖြင့် အသင်းဖော်များကို မလေးမစားပြုမူသကဲ့သို့ဖြစ်ခဲ့ပြီး ပြန်လည်ဖြေရှင်းရန် စနေညကတည်းက ကြိုးစားခဲ့သည်။ တနင်္လာ နေ့အဝတ်လဲခန်းအတွင်းတွင်မူ စီရော်နယ်ဒိုက ကိုယ့်ကိုယ်ကိုယ်နှိမ်ချပြောဆိုခဲ့ဖွယ်ရှိပြီး အသင်းဖော်များကို စိတ်အနှောင့်အယှက်မဖြစ်စေ ရန် ဆန္ဒရှိခဲ့သည်ဟု ဂိုးလ်ဒေါ့ကွန်းက ဖော်ပြခဲ့သည်။

ရီးယဲလ်အသင်းမှာ လာမည့်ရက်များအတွင်း ပြိုင်ပွဲများခပ်စိပ်စိပ်ကစားရမည်ဖြစ်သောကြောင့် ယင်းအဖြစ်အပျက်မှာ အသင်း၏ညီညွတ်မှုကို စမ်းသပ်မှုတစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly