စိန်ခေါ်မှုအသစ်များနှင့်ရင်ဆိုင်ရချိန်တွင်တရုတ်ကအမျိုးသားလုံခြုံရေးကို ပိုမိုခိုင်မာအားကောင်းအောင်ပြုလုပ်

စိန်ခေါ်မှုအသစ်များနှင့်ရင်ဆိုင်ရချိန်တွင်တရုတ်ကအမျိုးသားလုံခြုံရေးကို ပိုမိုခိုင်မာအားကောင်းအောင်ပြုလုပ်

တရုတ်အမျိုးသားလုံခြုံရေးနှင့်ပတ်သက်၍အနက်အဓိပ္ပာယ်ဖွင့်ဆိုရန်ခက်ခဲကြောင်းလေ့လာသူများကပြောကြား သော်လည်းသမ္မတရှီကျင့်ဖျင်နှင့်ပါတီတာဝန်ရှိသူများကအလေးပေးဖော်ပြနေသည့်အဓိကပြဿနာဖြစ်သည့်အမျိုးသားလုံခြုံရေးကိစ္စကိုခိုင်မာအားကောင်းအောင်ပြုရေးအတွက် မဟာဗျူဟာသစ်များချမှတ်ရန် တရုတ်အစိုးရက စီစဉ်နေသည်။

ကွန်မြူနစ်ပါတီ၏ အကြိမ်၂၀မြောက်ညီလာခံဖွင့်ပွဲတွင် ကိုယ်စားလှယ်များအား ပြောကြားခဲ့သည့် ၎င်း၏ မိန့်ခွန်းတွင် "လုံခြုံရေး" သို့မဟုတ် "ဘေးကင်းရေး" ဟူသောဝေါဟာရများကို သမ္မတရှီကျင့်ဖျင်က အကြိမ်၇၀ကျော် ဖော်ပြခဲ့သည်။

နိုင်ငံတော်လုံခြုံရေးကို“အမျိုးသားပြန်လည်နုပျိုရေး၏အခြေခံအုတ်မြစ်”နှင့်လူမှုတည်ငြိမ်ရေးကို“အားကောင်း ပြီး သာယာဝပြောသော တရုတ်ကို တည်ဆောက်ရန်မရှိမဖြစ်လိုအပ်ချက်”အဖြစ် သမ္မတရှီကျင့်ဖျင်က သုံးနှုန်းခဲ့သည်။

"မိမိတို့အနေဖြင့် အမျိုးသားလုံခြုံရေးကိုထိန်းသိမ်းကာ ယင်းအားရရှိရေးအတွက်အခြေအနေများ ဖန်တီးပေးမည်" ဟု သမ္မတရှီက ပြောကြားခဲ့သည်။

သီတင်းတစ်ပတ်ကြာ အစည်းအဝေး၏ ဘေးပန်းအစည်းဝေးများတွင် ရှီကျင့်ဖျင်အာဏာရလာချိန်မှစ၍ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းတိုးတက်မှုများစွာရရှိခဲ့ကြောင်း တာဝန်ရှိသူများ ကပြောကြားခဲ့သည်။

သို့သော်နိုင်ငံ၏ကာကွယ်ရေးစွမ်းရည်ကိုပိုမိုမြှင့်တင်ရန်လိုအပ်ကြောင်း၎င်းတို့ကထပ်လောင်းပြောကြားခဲ့သည်။

တရုတ်၏အမျိုးသားလုံခြုံရေးဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်သည်ယင်း၏ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်း စဉ်များနှင့် စားနပ်ရိက္ခာထောက်ပံ့မှုမှသည်တောင်တရုတ်ပင်လယ်ကဲ့သို့ ဒေသများတွင် ယင်း၏ရေကြောင်းပိုင်နက်ဆိုင်ရာတောင်းဆိုမှုအထိ ပြဿနာများစွာကို လွှမ်းခြုံထားကြောင်း လေ့လာသူများကထောက်ပြကြသည်။

ယင်းတွင်ဟောင်ကောင်နှင့်ထိုင်ဝမ်ကဲ့သို့သောအဓိကအကျိုးစီးပွားများကိုတရုတ်ကထည့်သွင်းစဉ်းစားသည့် အခြားကဏ္ဍများလည်းရှိသေးသည်။

တရုတ်ပြည်သူများ၏လုံခြုံရေးခံစားချက်သည်ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်းသိသိသာသာတိုးတက်ကောင်းမွန်လာသည်ဟုတရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာဒု-ဝန်ကြီးရှုကန်လုကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required