ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စပါးအသင်းရေပန်းအစားဆုံးဟု လက်စတာနည်းပြ ရာနီရေရီ မှတ်ချက်ပြု

ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စပါးအသင်းရေပန်းအစားဆုံးဟု လက်စတာနည်းပြ ရာနီရေရီ မှတ်ချက်ပြု

အင်္ဂလန်၊ မတ် ၁ ။              ။ လက်စတာအသင်းနည်းပြ ရာနီရေရီက အမှတ်ပေးဇယားတွင် ၎င်းတို့အသင်း ထိပ်ဆုံးမှ ဦးဆောင်နေသော်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိရန် ရေပန်းအစားဆုံး အသင်းမှာ စပါးအသင်းဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ ပွဲ ကစားပြီးချိန်တွင် လက်စတာအသင်းမှာ ရမှတ် ၅၆ မှတ် ရရှိထားပြီး ဒုတိယနေရာမှ စပါးအသင်းထက် နှစ်မှတ်အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေသည်။ တတိယနေရာမှ အာဆင်နယ်အသင်းမှာ မန်ယူအသင်းကို ရှုံးနိမ့်သွားသည့်အတွက် လက်စတာနှင့် ငါးမှတ်ကွာဟသွားခဲ့သည်။

ရာနီရေရီက 'ကျွန်တော့်အမြင်မှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိဖို့ အာဆင်နယ်နဲ့ မန်စီးတီးတို့ထက် စပါးအသင်းက ပိုပြီး ရေပန်းစားပါတယ်။

စပါးအသင်းက ခံစစ်ကစားတဲ့နေရာမှာဖြစ်ဖြစ် တိုက်စစ်ကစားတဲ့ အချိန်မှာပဲဖြစ်ဖြစ် ဘယ်အခြေအနေမျိုးမှာမဆို အကောင်းဆုံးကစားနိုင်ပါတယ်။ သူတို့ ဘာလိုချင်သလဲဆိုတာ သူတို့ ကောင်းကောင်း သိပါတယ်။ လူတိုင်းက လက်စတာအသင်းအကြောင်းကိုပဲ ပြောကြပါတယ်။ စပါးအသင်းအကြောင်းကို ဘယ်သူမှ မပြောကြပါဘူး။

ကျွန်တော်တို့အသင်း ပုံစံကောင်းကို ရရှိနေတာက အံ့အားသင့်စရာကောင်းပါတယ်။ တကယ်တော့ မန်စီးတီး၊ အာဆင်နယ်နဲ့ စပါးတို့ကသာ ချန်ပီယံဆုအတွက် အမှန်တကယ် ယှဉ်ပြိုင်ရမယ့် အသင်းတွေပါ' ဟု ဆိုသည်။

ထို့အပြင် ရာနီရေရီက သူတို့အသင်းလုပ်နိုင်သလောက် လုပ်ပြီးသွားပြီဖြစ်ကြောင်း၊ အောင်မြင်မှုတစ်ခုခု ရရှိလိုပါက တစ်ပွဲချင်းစီအာရုံစိုက်ကစားသွားရန်သာ လိုကြောင်းနှင့် ပြိုင်ဘက်အသင်း အကြောင်းကို စဉ်းစားမနေဘဲ ကိုယ်လုပ်စရာ ရှိတာကိုသာ လုပ်ကိုင်သွားရန် လိုကြောင်း ပြောဆိုခဲ့သည်။

Ref: ESPN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly