နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၂၉ အောက်တိုဘာ ၂၀၂၂) 

နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၂၉ အောက်တိုဘာ ၂၀၂၂) 

အောက်တိုဘာလ ၂၉ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ 

  • အကြမ်းဖက်စစ်ကောင်စီက ဖားကန့်၊ အနန့်ပါ ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် နိုင်ငံအနှံ့အပြားတွင် စစ်ရာဇဝတ် မှုကျူးလွန်နေခြင်းနှင့် တိုင်းရင်းသားလက်နက်တော်လှန်ရေးအင်းအားစုများကို အမြင်မတူ ခြင်းတို့ကို ညှိနှိုင်း ဖြေရှင်းရင်း အမြင့်ဆုံးပေါင်းစု အင်အားဖြင့် ဟန်ချက်ညီ လက်တွဲတိုက်ပွဲ ဝင်ကြရန် ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတိုက်တွန်းသည်။ 

  • အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ဦး ပြည်သူ့ဘက် အလင်းဝင်ရောက်လာကြောင်း ကြာအင်းဆိပ်ကြီး မြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့(ပအဖ)က ဒီကနေ့ အောက်တိုဘာ ၂၉ရက်မှာ ထုတ်ပြန်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့များအကြားတွေ့ဆုံမှာကို အောက်တိုဘာ ၂၈ ရက် မနက် ၉ နာရီတွင် ပြုလုပ်ခဲ့ကြသည်။ 

  • မီးပိတ်သပိတ်လူထုလှုပ်ရှားမှုမှာ ပါဝင်ပေးခဲ့ကြသည့် ပြည်သူထူထုကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက  ထုတ်ပြန်သည်။ 

 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်စစ်ကြောင်းသည် အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ကြွေးကြော် အောက်တိုဘာလ ၂၉ ရက် ယနေ့ ချီတက်ဆန္ဒပြကြသည်။ 

  • စစ်ကိုင်းမြို့နယ်၊ မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယနေ့နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ် ဝင်ရောက်မီးရှို့နေသဖြင့် ပြည်သူများ ထွက်ပြေး နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် ဗိုလ်မှူးကြီး မိုးသူ ဦးဆောင်၍ စစ်မှု ထမ်းဟောင်းတွေ့ဆုံပွဲ လုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲသဖြင့် တွေ့ဆုံပွဲ ဖျက်သိမ်းကာ ထွက်ပြေးသွားကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ထံမှ သိရှိရသည်။ 

  • အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် အောက်တိုဘာလ ၂၉ ရက် ယနေ့နံနက်၌ ၅၉၇ ရက်မြောက် အဖြစ် ချီတက်ဆန္ဒပြကြသည်။ 

  • စစ်ကိုင်တိုင်း၊ ရွှေဘိုခရိုင်၊ ဟန်လင်းမြို့ဟောင်းကို စစ်ကြောင်းထိုးပြီး ပြန်လာသော စစ်ကောင်စီယာဉ် တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက အောက်တိုဘာလ ၂၄ ရက် ညနေပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိကြောင်း ရွှေဘိုကာကွယ်ရေးတပ်ဖွဲ့ SBDF က သတင်းထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ ချင်းတွင်း မြစ်အနောက်ဘက်ကမ်းကျေးရွာတစ်ရွာတွင် အောက်တိုဘာလ ၂၈ ရက်နေ့ ည ၈ နာရီခွဲအချိန် ဖားကန့်ပြည်သူများ အတွက် ဝမ်းနည်းခြင်းနှင့် စစ်အာဏာရှင် တော်လှန်ရေး မီးပိတ်သပိတ်ကို ကျေးရွာမှ အမယ်အိုများနှင့် အမျိုးသမီးများကလည်း တက်ကြွစွာ ပါဝင်ကြသည်။ 

  • စစ်ကိုင်းတိုင်းဒေသကြီး တစ်နေရာတွင်နေထိုင်သည့် ဒေသခံမိသားစု တစ်စုက 96 Solidiers – PDF (အညာဒေသတပ်ခွဲ)ကို ထမင်းဖိတ်ကျွေးပြီးနောက် ကျောက်စိမ်းအတွဲ သုံးတွဲကို တော်လှန်ရေးအတွက် အသုံးပြုနိုင်ရန် လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ မြို့မရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့ကြောင်း တွေ့ရာသင်္ချိုင်းဓားမဆိုင်း ပြောက်ကျား တပ်ဖွဲ့ထံက သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် အခက်အခဲ အကျပ်အတည်းများ ကြားမှ ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ၅၃၇ ရက်မြောက်နေ့အဖြစ် ဆက်လက်ချီတက် ဆန္ဒပြသည်။ 

  • မကွေးတိုင်း ၊ ရေစကြိုမြို့ အနောက်ဘက်ခြမ်းရှိ သံပြာချောင်း ကျေးရွာ နှင့် စိုင်သေ ကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၉ရက် နံနက် ၆ နာရီ အချိန်ခန့်တွင် မီးတင်ရှို့နေကြောင်း သိရပါသည်။ 

  • အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိခိုလှုံနေသော မြန်မာနိုင်ငံသားများကို စစ်ဘေးရှောင်စခန်း(Relief Camp) များတွင် နေရာချထားရန် မီဇိုလူငယ် အဖွဲ့မှ ၎င်းတို့အစိုးရထံ တောင်းဆိုသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၈ရက်နေ့က မီဇိုရမ်အခြေစိုက် ဗန်လိုင်းနီး သတင်းစာတွင် ဖော်ပြထားသည်။ 

  • မန္တလေးမြို့တွင် ယမန်နေ့ညက၊ ပြည်သူလူထု မီးပိတ်သပိတ်လှုပ်ရှားမှု မပြုရဲအောင်၊ စစ်အုပ်စုက သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခဲ့သော်လည်း၊ မြို့အနှံ့အပြား ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 

  •  

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ကျိုက်ဒုံရဲ စခန်းကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း (၁၈)နှင့် ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်က ၁ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်သည်။ 

  • အကြမ်းဖက်စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ် ဘယ်လိုမှ သွားမရတော့ဟု KNU မှ ဗဟိုကော်မတီဝင် ပဒိုစောတောနီးက ပြည်သူများသို့ အသိပေး လိုက်ပြီး အဆိုပါ အသိပေးချက်ကို KNU က အောက် တိုဘာလ ၂၈ ရက်နေ့တွင် ဗီဒီယိုနှင့်တကွ တရားဝင် သတင်းထုတ်ပြန်သည်။ 

  • ကရင်ပြည်နယ်၊ အာရှလမ်းမကြီးတွင် ဆက်ကြေးကောက်နေသည့် စစ်သားတချို့ ပစ်ခတ်ခံရပြီး ၃ ဦး သေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်းရမိကြောင်း ကျားသစ်နက်စစ်ကြောင်းက ပြောသည်။ 

  • ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်း ၈၈ ဦးကို အမည်ပျက်စာရင်း ကြေညာခဲ့ကြောင်း သိရသည်။ 

  • ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဒုတိယစစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ်မဂျီဇောင်အိန် (Maji Zau Ing) သည် လူကြီးရောဂါဖြင့် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ဆုံးပါးသွားပြီဖြစ်ကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) သတင်းရင်းမြစ်များထံက သိရသည်။ 

 

စစ်ကောင်စီ 

  • ပြည်ပရောက် မြန်မာလုပ်သားများ​၏လုပ်ခလစာများ ပြည်တွင်းသို့ပြန်လည်ပေးပို့ရာတွင် တစ်ဒေါ်လာလျှင် ၃၀ကျပ် အပိုထပ်ဆောင်းပေးမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ 

  • သီလဝါအထူးစီးပွားရေးဇုန်မှာ ရှိပြီးကုမ္ပဏီတွေ မထွက်သွားရန်နှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်လာရန် လက်ကမ်းစာစောင်များကို တရုတ်၊ ရုရှားဘာသာစကားများဖြင့် ဖြန့်ဝေ ကြေညာရမည်ဟု စစ်ကောင်စီ ဒုဥက္ကဋ္ဌ စိုးဝင်းကပြောသည်။ 

  • ပြည်ပရောက် မြန်မာများကို တရားဝင်လမ်းကြောင်းကနေ လုပ်ခလစာများကို နိုဝင်ဘာ ၁ ရက်နေ့စက ပြီးတော့ အမေရိကန် တစ်ဒါ်လာ ၃၀ ကျပ် အပိုထပ်ဆောင်းပေးမယ်ဆိုပြီး ဗဟိုဘဏ်က ထုတ်ပြန် လိုက်သည်။ 

အောက်တိုဘာ ၂၉ ရက် သုံးသပ်ချက် 

  • ငွေကြေးခဝါချမှု နာမည်ပျက် ကြေညာခံရပြီးနောက် စစ်ကောင်စီမှ မြန်မာနိုင်ငံကနေ ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုများ ထွက်မည်ကို စိုးရိမ်နေပြီး တရုတ်နှင့် ရုရှားကိုသာ အားထားမည့် ခြေလှမ်းများကို တွေ့နေရသည်။ 

  • ကရင်ပြည်နယ်တွင် KNLA နှင့်စစ်ကောင်စီထိတွေ့တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီတပ်များ အထိနာကာ လက်ချသူမျာနှင့် CDM ပြုလုပ်သူများ များလာသည်ကိုတွေ့ရသည်။ 

  • အညာဒေသမှာတော့ စစ်ကောင်စီတပ်များသည် ကျေးရွာများကို ဝေဟင်မှပစ်ခတ်စီးနင်းကာ အရပ်သား ပစ်မှတ်များကိုပါမချန် တိုက်ခိုက်နေပြီ ပြည်သူပိုင်နေအိမ်များကို နေ့စဉ် မီးရှို့မှုများ ပြုလုပ်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly