မီဇိုရမ်ပြည်နယ်တွင် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ပြသ

မီဇိုရမ်ပြည်နယ်တွင် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ပြသ

အောက်တိုဘာလ ၂၉ ရက်

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသော “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်း ကို အောက်တိုဘာ ၂၉ရက် ယနေ့တွင် ပြသခဲ့ကြောင်းသိရသည်။

ယနေ့မွန်းလွဲ ၁နာရီတွင် အိုက်ဇောလ်မြို့ Dawrpui Multipurpose ခန်းမတွင် ပြသခဲ့ခြင်းဖြစ်ပြီး ပြပွဲတွင် တက်ရောက်လာသော ပရိသတ်များနှင့်အတူ ကမ္ဘာမကျေဘူး သီချင်းသံပြိုင်သီဆိုခြင်း နှင့် တော်လှန်ရေးတွင် အသက်ပေးတိုက်ပွဲ ဝင်သွားခဲ့ကြသည့် သူရဲကောင်းများအား အောက်မေ့ဂုဏ်ပြုခြင်းအားဖြင့် တစ်မိနစ် ငြိမ်သက်ခဲ့ကြသည်။

ဆက်လက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒေါက်တာငိုင်တမ်မောင်း နှင့်အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးရာဝန်ကြီးဌာန အိန္ဒိယနိုင်ငံ တာဝန်ခံ ဆလိုင်းအိုက်ဇက်ခင် တို့မှ တော်လှန်ရေးအားပေးစကားများပြောကြားခဲ့ ကြောင်းသိရသည်။

Guy from Chin အဖွဲ့မှ အနုပညာနှင့်တော်လှန်ရေးအကြောင်းပြောကြားကာ

ကိုမင်းကိုနိုင်၏ ရုပ်ရှင်ကိုပြသခဲ့ပြီးနောက် မသောက်မိသောမိုးခါးရေ ရုပ်ရှင်ပြသခဲ့ကာ ဒါရိုက်တာကိုပေါက်၏ ကျေးဇူးတင်စကားဖြင့် အစီစဉ်ကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

“ခန်းမက လူ ၄၀၀လောက်စာ စီစဉ်ထားတာ အားပေးတဲ့သူများတော့ ထပ်တိုးပြီး ၄၇၀ ထိုင်ခုံ ပြင်ဆင်ထားတယ် တကယ်ပြခါနီးတော့ လက်မှတ်မပါဘဲ ပိုက်ဆံနဲ့ ဝင်ကြည့်ကြတဲ့ သူတွေပါရှိတယ် ထင်ထားတာထက်ပိုအားပေးကြတာကိုတွေ့ရတယ်” ဟု ပွဲဖြစ်မြောက်ရေးစီစဉ်သူ တစ်ဦးမှ မဇ္စျိမ ကိုပြောကြားသည်။

ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသော အဆိုပါရုပ်ရှင်ကို ပြသနိုင်ရန်အတွက် မီဇိုရမ်ပြည်နယ်တွင် မြန်မာ့အရေးနှင့် စစ်ဘေးရှောင်များအတွက် ကူညီရေးဆောင်ရွက်လျက်ရှိ သော အရပ်ဖက်လူမှုအဖွဲ့အစည်း ခြောက်ဖွဲ့ ပူးပေါင်းပါဝင်သည့် Network for Myanmar မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်မှတ်တစ်စောင်လျှင် ရူပီး ၃၀၀ဖြင့် ရောင်းချခဲ့ပြီး ပရိတ်သတ် ၅၀၀ခန့် လာရောက်ကြည့်ရှုခဲ့ပြီး ဟောခန်းငှားခနှင့် အခြားအသုံးစရိတ်များနုတ်၍ ကျန်ရှိသော ရန်ပုံငွေများကို ကိုပေါက်ထံ လွှဲအပ်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရရှိရသည်။

“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းမှာ CDM စစ်ဗိုလ် တစ်ဦး၏ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး ဒါရိုက်ကိုပေါက် က တောတွင်းတစ်နေရာတွင် လက်ကိုင်ဖုန်းတစ်လုံးဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly