စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သူများအတွက်ဝမ်းနည်းကြောင်း RCSS, UWSA, NDAA တို့ ထုတ်ပြန်ကြေညာ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သူများအတွက်ဝမ်းနည်းကြောင်း RCSS, UWSA, NDAA တို့ ထုတ်ပြန်ကြေညာ

October 29

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါကျေးရွာ၌ အောက်တိုဘာလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သော စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်၊ သေဆုံး၊ ဒဏ်ရာ ရသူများအတွက် ဝမ်းနည်းကြောင်း ရှမ်းပြည်နယ်အတွင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြသည့် UWSA,NDAA နှင့် RCSS တို့မှ အသီးသီးထုတ်ပြန်ကြေညာခဲ့သည်။

ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ အပြစ်မဲ့ပြည်သူများ၊ KIO အဖွဲ့နှင့်ထပ်တူဝမ်းနည်းကြောင်း နှင့် ပဋိပက္ခများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့်ကိုင်တွယ်ရန်၊ အမျိုးသမီးနှင့်ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန် အစရှိသည့်အချက်များပါဝင်သည့် ထုတ်ပြန်ကြေညာချက်ကိုထုတ်ပြန်ခဲ့သည်။

အလားတူ မိုင်းလားတပ်ဖွဲ့ NDAA မှလည်း လေကြောင်းတိုက်ခိုက်မှုအပေါ်လွန်စွာအံသြတုန်လှုပ်ပြီး ဝမ်းနည်းကြောင်း ယမန်နေ့ ရက်စွဲဲဖြင့် ထုတ်ပြန်ခဲ့ကာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ယနေ့အောက်တိုဘာလ ၂၈ ရက် ရက်စွဲဖြင့် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူအားလုံးအတွက် အထူးဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့လုံးသည် စစ်ကောင်စီနှင့်ငြိမ်းချမ်းရေး ဆွေးနွေးနေသောအဖွဲ့များ ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#တိုင်းရင်းသားလက်နက်ကိုင်

#ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ

#ဖားကန့်မြို့နယ်

#လေကြောင်းတိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required