မြေနီကုန်း ပဒုမ္မာပန်းခြံအနီးရှိ စစ်ကောင်စီဘန်ကာနှင့် ပဒုမ္မာကဇာတ်ရုံဟောင်းအနီးတို့အား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်

မြေနီကုန်း ပဒုမ္မာပန်းခြံအနီးရှိ စစ်ကောင်စီဘန်ကာနှင့် ပဒုမ္မာကဇာတ်ရုံဟောင်းအနီးတို့အား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်

အောက်တိုဘာလ ၂၈ ရက်

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း ပဒုမ္မာပန်းခြံအနီးရှိ စစ်ကောင်စီဘန်ကာနှင့် စစ်ကောင်စီ၏ စျေးရောင်းပွဲတော်ကျင်းပမည့် ပဒုမ္မာပြဇာတ်ရုံဟောင်းအနီး၌ အောက်တိုဘာလ၂၈ရက်ညနေ ၆နာရီ ၂၀မိနစ်အချိန်ခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့မှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းသို့တိုက်ခိုက်ရခြင်းမှာ စစ်ကောင်စီ၏ဘန်ကာတည်ဆောက်ခြင်းနှင့် စစ်ကောင်စီမှဦးစီးကျင်းပမည့် ပျော်ပွဲရွှင်ပွဲအတုအယောင်အား ပြည်သူများမှ မနှစ်မျိုခြင်းကြောင့် သတိပေးတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"တစ်လုံးက ပန်းခြံအနီးက ဆောက်လက်စဘန်ကာအသစ်မှာပါ၊ နောက်တစ်လုံးက စျေးပွဲတော်ကျင်းပမယ့် ပဒုမ္မာကဇာတ်ရုံဟောင်းအနီးမှာပါ၊ public area ဖြစ်တဲ့အတွက် ထိခိုက်မှုမရှိအောင် ဆောင်ရွက်ခဲ့ပါတယ်"ဟု People Defence Force(Sanchaung)အဖွဲ့တာဝန်ရှိသူက ပြောသည်။

ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးကာလတွင် စစ်ကောင်စီ၏လှည့်ကွက်အတွင်း မဝင်ရောက်မိစေရန် သတိထားစေလိုပြီး စျေးရောင်းပွဲတော်သည်လည်း စစ်ကောင်စီ၏နယ်မြေအေးချမ်းနေကြောင်း ပုံရိပ်ကိုပြသလိုသည့် စျေးရောင်းပွဲအတုအယောင်သာဖြစ်ပြီး စစ်ကောင်စီတပ်များ၏ အနီးအနားသို့သွားလာခြင်း မပြုလုပ်ကြရန် မေတ္တာရပ်ခံထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly